Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး ရှင်းလင်းခံရ

“ဒီနေ့(စက်တင်ဘာ ၂၁ ရက်)နေ့လည် ၂ နာရီခွဲလောက်က ဖြစ်တာ။ခေါင်းတည်ပစ်ခံရပြီး နေရာမှာတင် ​သေသွားတယ်”ဟု ရေးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး ရှင်းလင်းခံရ
ရေးမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး ရှင်းလင်းခံရ

မွန်ပြည်နယ် ရေးမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး ရှင်းလင်းခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် နယ်ထိန်းရဲမှာ လမိုင်းမြို့ မြို့မ ၁၊ ၂၊ ၃ နယ်ထိန်းရဲ အောင်ကျော်မင်း ဆိုသူဖြစ်ပြီး မော့ကနင်ရွာရှိ ကားပြင်ဆိုင်တွင် သေဆုံးသွားသည်ဟု ဆိုသည်။

“ဒီနေ့(စက်တင်ဘာ ၂၁ ရက်)နေ့လည် ၂ နာရီခွဲလောက်က ဖြစ်တာ။ခေါင်းတည်ပစ်ခံရပြီး နေရာမှာတင် ​သေသွားတယ်”ဟု ရေးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရေးမြို့နယ်၌ရှိသည့် အုပ်ချုပ်ရေးမှူးများနှင့် CDM မလုပ်ထားသည့် ဝန်ထမ်းများကို အမြန်ဆုံးနှုတ်ထွက်ရန် ယနေ့ နံနက်ပိုင်းတွင် ရေးဘီလူးအဖွဲ့သတိပေးချက်ထုတ်ပြန်ပြီးနောက် နယ်ထိန်းရဲတစ်ဦးရှင်းလင်းခံရခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ နယ်ထိန်းရဲ အောင်ကျော်မင်းကို ၎င်းတို့ ရှင်းလင်းခဲ့ခြင်းဟုလည်း ရေးဘီလူးခေါင်း ဆောင်က ၎င်း၏ လူမှုကွန်ရက်မှတဆင့် အတည်ပြုသည်။

မကြာသေးမီရက်ပိုင်းများကလည်း ရေးဘီလူးအဖွဲ့က ရေးခရိုင်တရားရုံးနှင့် ရေးမြို့နယ်လဝကရုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒုမြို့နယ်လဝကမှူး အပါအဝင် သုးဦး သေဆုံးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စုအတွင်းက မွန်ပြည်သစ်ပါတီ(NMSP) တပ်ရဲ့ ကင်းစခန်းတခုကို စစ်တပ်ကစီးနင်းပြီး မွန်တပ် ရဲဘော်တွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အင်အား၁၀၀ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က ဒီကနေ့ မေလ၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။