Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တွင် မိုင်းရှာရန်လာသည့် စစ်ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးခန့်ထိမှန်လဲကျသွားပြီး အနီးနားရှိပြည်သူအချို့ကို ရမ်းကားဖမ်းဆီးသွားသည်ဟု PDF(ကလေး)ကအသိ​ပေးသည်။

(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-က​လေး(PDF) )
(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-က​လေး(PDF) )

ကလေးမြို့၊ တောင်ဖီလာလမ်းမနှင့်ကျန်စစ်သားလမ်းဆုံအနီးတွင် မိုင်းရှာရန်လာသည့် စစ်ကောင်စီတပ်ကို က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်(က​လေး-PDF)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိမှန်ခဲ့ကြောင်း PDF(ကလေး)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည်ကား ၃ စီး အင်အား ၂၀ခန့်ဖြင့် မိုင်းရှာထွက်လာစဉ် PDF(ကလေး)က ယနေ့မနက် ၈နာရီခန့်က အသင့်စောင့်ဆိုင်းပြီး မိုင်းနှစ် လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

Public Service Announcement
Public Service Announcement

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးခန့်ထိမှန်လဲကျသွားပြီး အနီးနားရှိပြည်သူအချို့ကို ရမ်းကားဖမ်းဆီးသွားသည်ဟု PDF(ကလေး)ကအသိ​ပေးသည်။

“ပေါက်ကွဲမှုဖြစ်ပြီးတော့ ရပ်ကွက်ထဲကို ရမ်းသန်းပြီးပစ်တယ်။ လမ်းသွားနေတဲ့သူ၄၊ ၅ယောက်ကို ဖမ်းသွားတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုကို PDF(ကလေး) မြို့ပြပျောက်ကြားစစ်ဆင်ရေးတပ်ဖွဲ့က ဆောင်ရွက်ခြင်းဖြစ်သည်ဟုထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ကရင်နီပြည်ရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ်စတေးခံခိုင်းနေပြီး ဒီကနေ့ (ဩဂုတ် ၂၇ ရက်)မှာ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး စစ်မှုထမ်းတပ်သားသစ် ၃ဦးသေခဲ့တယ်လို့ ဖရီးဘားမားရိန်းဂျား (Free Burma Rangers - FBR) တာ၀န်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook