Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့တွင် မိုင်းရှာရန်လာသည့် စစ်ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးခန့်ထိမှန်လဲကျသွားပြီး အနီးနားရှိပြည်သူအချို့ကို ရမ်းကားဖမ်းဆီးသွားသည်ဟု PDF(ကလေး)ကအသိ​ပေးသည်။

(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-က​လေး(PDF) )
(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-က​လေး(PDF) )

ကလေးမြို့၊ တောင်ဖီလာလမ်းမနှင့်ကျန်စစ်သားလမ်းဆုံအနီးတွင် မိုင်းရှာရန်လာသည့် စစ်ကောင်စီတပ်ကို က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်(က​လေး-PDF)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိမှန်ခဲ့ကြောင်း PDF(ကလေး)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည်ကား ၃ စီး အင်အား ၂၀ခန့်ဖြင့် မိုင်းရှာထွက်လာစဉ် PDF(ကလေး)က ယနေ့မနက် ၈နာရီခန့်က အသင့်စောင့်ဆိုင်းပြီး မိုင်းနှစ် လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

Public Service Announcement
Public Service Announcement

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးခန့်ထိမှန်လဲကျသွားပြီး အနီးနားရှိပြည်သူအချို့ကို ရမ်းကားဖမ်းဆီးသွားသည်ဟု PDF(ကလေး)ကအသိ​ပေးသည်။

“ပေါက်ကွဲမှုဖြစ်ပြီးတော့ ရပ်ကွက်ထဲကို ရမ်းသန်းပြီးပစ်တယ်။ လမ်းသွားနေတဲ့သူ၄၊ ၅ယောက်ကို ဖမ်းသွားတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုကို PDF(ကလေး) မြို့ပြပျောက်ကြားစစ်ဆင်ရေးတပ်ဖွဲ့က ဆောင်ရွက်ခြင်းဖြစ်သည်ဟုထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။