Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းကိုဗစ်ကူးစက်မှုနှုန်းပြန်များလာ

စစ်​ကောင်စီလက်​အောက်တွင် ကျန်းမာ​ရေး​စောင့်​ရေး​စောင့်​ရှောက်မှုစနစ်ပျက်ယွင်း​နေပြီး ကိုဗစ်ကူးစက်မှုအ​ခြေအ​နေမှန်ကိုသိရှိရန်ခက်ခဲသည်။

(စက်တင်ဘာလ ​နောက်ဆုံးပါတ်တွင် လူမှုကူညီ​ရေးအသင်းတစ်သင်းမှ​စေတနာ့ဝန်ထမ်းများက ကိုဗစ်လူနာအချို့ကို ဆေးရုံသို့ပို​ဆောင်​ပေး​နေစဥ်။ဓါတ်ပုံ- AFS)
(စက်တင်ဘာလ ​နောက်ဆုံးပါတ်တွင် လူမှုကူညီ​ရေးအသင်းတစ်သင်းမှ​စေတနာ့ဝန်ထမ်းများက ကိုဗစ်လူနာအချို့ကို ဆေးရုံသို့ပို​ဆောင်​ပေး​နေစဥ်။ဓါတ်ပုံ- AFS)

▪︎စက်တင်ဘာ တတိယပတ်မှစပြီး ကိုဗစ်ပိုးတွေ့ အတည် ပြုလူနာ နေ့စဥ် (၃၀၀)နှင့်အထက်ရှိ​နေ

မြန်မာနိုင်ငံတွင် ယခုစက်တင်ဘာ တတိယပတ်မှစတင်ပြီး ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ (၃၀၀)ဦးနှင့်အထက်ရှိလာကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

စက်တက်ဘာ ၁ ရက်စစ်ဆေးမှုများအရ ပို့တွေ့အတည် ပြုလူနာ (၈၄)ဦးသာရှိခဲ့ရာမှ စက်တင်ဘာ ၁၃ ရက်တွင် ပိုးတွေ့အတည်ပြုလူနာ (၃၈၄)ဦးတွေ့ရှိခဲ့ပြီး စက်တင် ဘာ ၁၄ ၊ ၁၇၊ ၁၈၊ ရက်များတွင် ပိုးတွေလူနာ (၃၀၀) အောက်ကျဆင်းခဲ့သော်လည်း ၁၉ ရက်နေ့မှ ၂၂ ရက် အထိ(၃၀၀)

အထက် ဆက်ရှိနေသည်ကို တွေ့ရသည်။ အထက်ပါစာရင်းမှာ စစ်​ကောင်စီကျန်းမာ​ရေးဝန်ကြီးဌာန အတည်ပြု​သောစာရင်းသာ ဖြစ်ပြီး အမှန်တွင် အဆိုပါအ​ရေအတွက်ထက်များစွာပိုနိုင်သည်။

(စက်တင်ဘာလ ​နောက်ဆုံးပါတ်တွင် လူမှုကူညီ​ရေးအသင်းတစ်သင်းမှ​စေတနာ့ဝန်ထမ်းများက ကိုဗစ်လူနာအချို့ကို ဆေးရုံသို့ပို​ဆောင်​ပေး​နေစဥ်။ဓါတ်ပုံ- AFS)
(စက်တင်ဘာလ ​နောက်ဆုံးပါတ်တွင် လူမှုကူညီ​ရေးအသင်းတစ်သင်းမှ​စေတနာ့ဝန်ထမ်းများက ကိုဗစ်လူနာအချို့ကို ဆေးရုံသို့ပို​ဆောင်​ပေး​နေစဥ်။ဓါတ်ပုံ- AFS)

ယနေ့ထုတ်ပြန်သော စက်တင်ဘာ ၂၂ ရက်စာရင်းအရ တစ်နိုင်ငံလုံးတွင် ပိုးတွေ့အတည်ပြုလူနာဦးရေ (၃၀၀)ဦးရှိရာ ယင်းအနက် ရန်ကုန်တိုင်းမှ (၁၄၈)ဦးဖြင့် အများဆုံးဖြစ်ပြီး (၃၃)ဦးဖြင့် နေပြည်တော်မှ ဒုတိယနှင့် (၂၃) ဦးဖြင့် မန္တလေးက တတိယ အသီးသီးဖြစ်သည်။

Public Service Announcement

Public Service Announcement

အလားတူ စက်တင်ဘာ ၂၁ ရက်က အတည်ပြုလူနာ (၄၆၉)ဦးရှိခဲ့ရာ ရန်ကုန်းတိုင်းမှ ပိုးတွေ့လူနာ (၂၁၅)ဦးဖြင့် အများဆုံးဖြစ်ကာ နေပြည်တော်မှ (၈၁)ဦးဖြင့် ဒုတိ ယအဆုံးဖြစ်ပြီး မန္တလေးမှ ပို့တွေ့လုနာ (၅၇)ဦးဖြင့် တတိယအများဆုံးဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာ ရေးဌာနစာရင်းများတွင် ဖော်ပြသည်။

စစ်​ကောင်စီလက်​အောက်တွင် ကျန်းမာ​ရေး​စောင့်​ရေး​စောင့်​ရှောက်မှုစနစ်ပျက်ယွင်း​နေပြီး ကိုဗစ်ကူးစက်မှုအ​ခြေအ​နေမှန်ကိုသိရှိရန်ခက်ခဲသည်။

NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကလည်း ​မြန် မာနိုင်ငံတွင် ရက်သတ္တနှစ်ပတ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု နှစ်ဆတိုးလာသည်ကိုတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏စာရင်းများကို ကိုးကားပြီး သတိပေးသည်။

ထို့ကြောင့် COVID-19 ရောဂါလက္ခဏာသံသယရှိပါက အိမ်တွင် အနည်းဆုံး (၅)ရက်သီးခြားနေထိုင်ရန်၊ (၁၀)ရက်အတွင်း အခြားသူများနှင့်စကားပြောရာတွင် Mask တပ်ရန်၊ အနားယူပြီး အရေများများသောက်ရန်၊ နီးစပ်ရာဆရာဝန် သို့မဟုတ် တယ်လီကျန်းမာကဲ့သို့ အခ မဲ့ အွန်လိုင်းဆေးခန်းများတွင် မေးမြန်းဆွေးနွေးရန် စသည်တို့ကို နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။