Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်တွင် ပျူခေါင်းဆောင်အား ဝင်ရှင်းစဥ် ရွာခံများက PDFရဲဘော်များကို ဖမ်းဆီးရန်ကြိုးပမ်း ၍ သတိပေး

တောင်သာနယ်သည် စစ်တပ်၏ ဝန်ကြီးဟောင်း ဦးအောင်သောင်းဇာတိဖြစ်ပြီး ယခင်က ပြည်ခိုင် ဖြိုးထောက်ခံသူများပြားခဲ့သည့် နယ်တစ်ခုဖြစ်ခဲ့သည်။

တောင်သာနယ်တွင် ပျူခေါင်းဆောင်အား ဝင်ရှင်းစဥ် ရွာခံများက PDFရဲဘော်များကို ဖမ်းဆီးရန်ကြိုးပမ်း ၍ သတိပေး
တောင်သာနယ်တွင် ပျူခေါင်းဆောင်အား ဝင်ရှင်းစဥ် ရွာခံများက PDFရဲဘော်များကို ဖမ်းဆီးရန်ကြိုးပမ်း ၍ သတိပေး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝါးကြီးအိုင်ကျေးရွာတွင်နေထိုင်သော စစ်ကောင်စီလက် အောက် ခံ ပျူစောထီးခေါင်းဆောင်အား ဝင်ရောက်ရှင်းလင်းစဥ် ပျူခေါင်းဆောင်လွတ်​မြောက် သွားပြီးနောက် ရွာခံများက ဒေသကာကွယ်ရေးအဖွဲ့ဝင်များအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာ ၂၅ ရက်)နံနက်ပိုင်းက တောင်သာမြို့နယ်၊ ဝါးကြီးအိုင်ရွာတွင် နေထိုင်သူ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် အား တောင်သာအခြေစိုက် TTA ပြောက် ကျားတပ်က ဝင်ရောက်ပစ်ခတ်ရန် ကြိုးပမ်းခဲ့ရာ ပျူခေါင်းဆောင် မှာ လွတ်မြောက်သွားခဲ့သည်။

သို့သော် ဝါးကြီးအိုင်ရွာခံအချို့က စစ်ဆင်ရေးလာရောက်သည့် ရဲဘော်များကို ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း TTA ပြောက်ကျားတပ်က ပြော သည်။

” ကိုယ့်နယ်အတွက် ပြည်သူများကိုယ်စားများစွာစိတ်မကောင်း အရှက်ရမိပါတယ်။ နောက်တစ်ခါဆိုရင် ပြတ်ပြတ်သားသားအရေးယူသွားမှာပါ။ မကူညီချင်နေပါ မနှောင့်ယှက်ကြဖို့အထူးသတိပေး တောင်းဆိုအပ်ပါတယ်။”ဟု TTA ပြောက် ကျားတပ်က ပြော သည်။

Public Service Announcement

Public Service Announcement

နယ်ခံရွာခံများအနေဖြင့် နောက်နောင် အလားတူဖြစ်ရပ်မျိုး ထပ်ကျူးလွန်ခဲ့ပါက စစ်ဆင်ရေးအောင်မြင်ရေးနှင့် ရဲဘော်များလုံခြုံရေးကိုသာ ဦးစားပေးမည်ဖြစ်ပြီး ထိိုသို့ဆောင်ရွက်သူများအား သစ္စာဖောက်လောက်ကောင်များနှင့် အပေါင်းပါများဟု သတ်မှတ်ပြီး လုံး၀သက်ညှာမည်မဟုတ်ကြောင်း အထူးသတိပေးသည်။

တောင်သာနယ်သည် စစ်တပ်၏ ဝန်ကြီးဟောင်း ဦးအောင်သောင်းဇာတိဖြစ်ပြီး ယခင်က ပြည်ခိုင် ဖြိုးထောက်ခံသူများပြားခဲ့သည့် နယ်တစ်ခုဖြစ်ခဲ့သည်။

၎င်းရွာသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးအမာခံ အနိုင်ရရှိခဲ့သည့်ရွာဖြစ်ကြောင်း လူထုလှုပ်ရှားမှု့ကော်မတီ-တောင်သာက အသိပေးသည်။

“အာဏာသိမ်းစစ်ကောင်စီ၏ လူသတ်ရမ်းကားနေမှု့ကို အားပေးသော ရွာဟု သက်မှတ်ရမည်။

နွေဦးတော်လှန်ရေး အောင်မြင်ချိန်ရောက်လျှင် ၎င်းကဲ့သို့ကျေးရွာအား သီးခြားမှတ်တမ်းတင်ထားရှိရမည်။”ဟု လူထုလှုပ်ရှားမှု့ကော်မတီ-တောင်သာက မှတ်ချက်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook