Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာဟု ကန်ပက်လက် CDF အသိပေး

“လက်နက်နဲ့ ဝင်လာတဲ့ဟာက အခုထိ ၆ယောက်ပြီ။ လက်နက်မဲ့ဝင်လာတာတော့ တော်တော် လေးကို အရေအတွက်များနေပါပြီ” ကန်ပက်လက် CDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာဟု ကန်ပက်လက် CDF အသိပေး
စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာဟု ကန်ပက်လက် CDF အသိပေး

▪️စစ်ကောင်စီတပ်နှင့် ရဲမှ လက်နက်နှင့် CDM ပြုလုပ်လာသူ ၆ဦးထိရှိပြီး လက်နက်မဲ့ CDM ပြုလုပ် သူအများအပြားရှိဟု တာဝန်ရှိသူပြော

ချင်းပြည်နယ် ကန်ပက်လက်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးနှင့် ရဲသားတစ်ဦးတို့ အလင်းဝင်လာကြောင်း ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) က သတင်းထုတ်ပြန်သည်။

တပ်သား နေသူအောင်နှင့် ရဲတပ်သား ဗန်ဒိန်းတို့က အလင်းဝင်လိုကြောင်း ဆက်သွယ်လာ၍ ကန်ပက်လက်CDFက သွားရောက်ကြိုဆို ခေါ် ဆောင်ခဲ့ကြောင်း၊ လက်နက်နှစ်လက်နှင့် ကျည် ဘောက်များ၊ ကျည်များပါလာကြောင်း ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အား သတ်မှတ်ထားသည့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ကာလွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ရဲတပ်သားဗန်ဒိန်းသည် စက်တင်ဘာ ၂၂ရက်က CDM ပြုလုပ်လာခြင်းဖြစ်ပြီး တပ်သား နေသူအောင်သည် စက်တင်ဘာ ၂၄ရက်တွင် CDM ပြုလုပ် လာခြင်းဖြစ်သည်ဟု ကန်ပက်လက် CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရဲတပ်သား ဗန်ဒိန်းသည် ကန်ပက်လက်မြို့မှ ရဲစခန်းမှဖြစ်ပြီး စစ်သားမှာ မတူပီဗျူဟာ၏ ကွပ်ကဲမှုအောက်ရှိ ခလရ(၁၄၀) တပ်မှ ကန်ပက်လက်နယ်၌ ရောက်ရှိ တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“လက်နက်နဲ့ ဝင်လာတဲ့ဟာက အခုထိ ၆ယောက်ပြီ။ လက်နက်မဲ့ဝင်လာတာတော့ တော်တော် လေးကို အရေအတွက်များနေပါပြီ” ကန်ပက်လက် CDF တာဝန်ရှိသူက ပြောသည်။

နေရာဒေသအသီးသီးရှိ ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်နှင့် ရဲမှ တပ်ဖွဲ့ဝင် အများအပြားသည် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်လာမှုများ တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာဟု ကန်ပက်လက် CDF အသိပေး
စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာဟု ကန်ပက်လက် CDF အသိပေး

“ဝင်လာတဲ့သူများလာတယ်ဆိုတာက သူတို့တပ်ရဲ့ အခြေအနေကို သူတို့ကိုယ်တိုင် သဘောပေါက်လာတဲ့အတွက်ကြောင့် သူတို့ အဲဒီမှာ ဆက်နေတယ်ဆိုရင် လူတစ်ဦးတစ်ယောက် ကောင်းစားဖို့ သူတို့ရဲ့ ခေါင်းဆောင် ကောင်းစားဖို့အတွက်ရယ် ကိုယ်ကျိုးရှာသမားတွေ ကောင်းစားဖို့ အတွက် အသက်နဲ့ ရင်းပြီး ကာကွယ်ပေးနေရတာဖြစ်တယ် ပြီးတော့ သူတို့ ဒီမှာ ဆက်ပြီး တာဝန်ထမ်းဆောင်နေရအုံးမယ်ဆိုရင်လည်း ဘာမှထူးခြားလာတာမရှိဘူး။ ပြည်သူရဲ့ မျက်မုန်းကျိုးတာပဲ ခံရမယ်ဆိုတဲ့ အသိတရားတွေ အားလုံးနီးပါးမှာ သူတို့ စစ်သားပဲဖြစ်ဖြစ် ရဲပဲ ဖြစ်ဖြစ် ဒီလို ဝင်လာတဲ့ဟာများတယ်။ သူတို့ အလကား သပ်သပ် အသေမခံနိုင်တော့တဲ့ အနေအထားတွေ ဖြစ်လာတယ်လို့ သုံးသပ်မိတာပေါ့”ဟု ကန်ပက်လက် CDF တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။