Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနှင့်ခင်ဦးရှိ စစ်ဘေးရှောင်များ ရောဂါဘယများဖြစ်ပွားနေပြီး ဆေးဝါးအရေးပေါ် လိုအပ်နေ

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ခင်ဦးနယ်ရှိ စစ်ဘေးရှောင်ပြည်သူအချိူ့ တောထဲအလေ့ကျပေါက်သည့်မှိုများ ချက်စားမိရာ ၁၈ ဦး အစာအဆိပ်သင့်မှူ ဖြစ်ပွားခဲ့သေးသည်။

ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)
ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)

စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ခင်ဦးမြို့နယ်များရှိ စစ်ဘေးရှောင်ပြည်သူများ ရောဂါဘယထူပြောလာပြီး ကုသပေးရန် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုများကြောင့် ရွှေဘိုနှင့်ခင်ဦးနယ်မှ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ဘေးရှောင်များမှာ ရောဂါဘယများ အဖြစ်များလာ၍ အရေပြား လိမ်းဆေးများ၊ သောက်ဆေး၊ထိုးဆေး၊ ဓာတ်ဆား၊ DS.NS.RL.DW ဆက်စပ် ပစ္စည်းများ၊ ပတ်တီး၊ဆေးထိုးအပ်၊ ဂွမ်း၊ အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လ်ိုအပ်နေ၍ အကူအညီပေးကြပါရန် DUGF(KU Dragon)အဖွဲ့က မေတ္တာရပ်ခံသည်။

ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)
ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)

DUGF(KU Dragon)အဖွဲ့ ပြန်ကြားရေးရဲဘော်တစ်ဦးက “အရေပြား ယားယံ၊ အဖူးတွေပေါက်၊ မူးလဲ အားနည်း၊ ဝမ်းလျှောတာတွေ အကြောတွေကပ်တာတို့ အမျိုးမျိုးပါပဲဗျ။ မိန်းကလေး ရောဂါတွေရော။ အာရုံကြော အားတိုးဆေးတွေ၊အားဆေးစလိုင်းတွေ လိုပါတယ်။ တောထဲ တဲထိုးနေရတာ။ ရေတွင်းကအစ လူငါးရာလောက်ကို ရေတွင်းက တစ်ခုတည်းသုံးရတာ။ အိမ်သာကတော့ တူးထားတယ်။ ဆေးဝါးပဲလိုတာ။ ဆေးမရှိ၊ ဆေးကုပေးမယ့်သူမရှိ၊

အဝေးသွားမကုရဲနဲ့ တော်တော် ဒုက္ခများကြတယ်။ စားစရာကတော့ အဆင်ပြေသလိုပေါ့

Public Service Announcement

Public Service Announcement

ရှိတာနဲ့ စားနေကြတာ။ မလိုအပ်ဘဲ အသက်တွေ​ ပေးနေရလို့ပါဗျ။ စစ်ဘေးရှောင်များ အရပ်ဆရာ နဲ့ ကုနေရပါတယ်။ တော်တော်ခက်ခဲနေပါတယ်။”ဟု ပြောသည်။

ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)
ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)

ဆေးကုသရန် စေတနာ့ဝန်ထမ်းဆရာဝန်များ လိုအပ်နေပြီး စိတ်ဝင်စားပါက ဆက်သွယ်နိုင်ကြောင်း DUGF(KU Dragon)အဖွဲ့က အသိပေးထားသည်။

လက်ရှိ စစ်ဘေးရှောင်ပြည်သူ ငါးရာခန့်ရှိပြီး ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသူများမပါသေးကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ခင်ဦးနယ်ရှိ စစ်ဘေးရှောင်ပြည်သူအချိူ့ တောထဲအလေ့ကျပေါက်သည့်မှိုများ ချက်စားမိရာ ၁၈ ဦး အစာအဆိပ်သင့်မှူ ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးတွေလည်း စျေးတက်နေတာကြောင့် သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ဝေဒနာရှင်တွေအတွက် အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။