Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက် သိန္နီ-ကွမ်လုံကြားတွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ

ရှမ်းမြောက်ဒေသ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူ ထံသို့ ဆက်သွယ်ရာ အဆက်အသွယ် မရသေးပေ။

တိုက်ခိုက်ခံရပြီးနောက် ယာဉ်တစ်စီးမီးလောင်နေစဉ်၊ဓာတ်ပုံ -CJ
တိုက်ခိုက်ခံရပြီးနောက် ယာဉ်တစ်စီးမီးလောင်နေစဉ်၊ဓာတ်ပုံ -CJ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီနှင့် ကွမ်လုံကြားတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

“သိန္နီက လားရှိုးကနေ ဒီဘက်ထွက်လာရင် သိန္နီပေါ့။ သိန္နီကနေ ဘယ်ဘက်ကို လမ်းခွဲတော့ ကွတ်ခိုင်-မူဆယ်ဘက်သွားတာ။ ညာဘက်ကို သွားရင် ကွမ်လုံဘက် ချင်းရွှေဟော် တရုတ်ကုန်သွယ်ရေးလမ်းကြောင်း လေ။ အခုဖြစ်တာက ကွမ်လုံဘက်သွားတဲ့ လမ်းကြောင်း သိန္နီနဲ့ ကွမ်လုံကြားပေါ့။ ၅စီးတက်လာတာ။ မိုင်းဆွဲလိုက်တာ တစ်စီး မီးလောင်တယ်ဆိုပြီး ကြားရတယ်။ အဲဒီဘက်အခြမ်းက ကိုးကန့်(MNDAA) တပ်တွေများတယ်။ အခုကKIA လို့လည်းပြောနေတာရှိတယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ကချင်သတင်းဌာန Kachinwaves ၏ ဖော်ပြချက်တွင် ယနေ့ (စက်တင်ဘာ ၂၈ရက်)နံနက် ၉နာရီခွဲတွင် စစ်ကောင်စီတပ်၏ ယာဉ် ၅စီးကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီး မီးလောင် ပျက်စီးသွားသည်ဟု တွေ့ရသည်။ ရှမ်းပြည်နယ် နမ္မတူမြို့နယ်တွင်လည်း ယမန်နေ့က စစ်ကောင်စီတပ်ကို KIAနှင့် PDF ပူးပေါင်းတတပ်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

ရှမ်းမြောက်ဒေသ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူ ထံသို့ ဆက်သွယ်ရာ အဆက်အသွယ် မရသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေစဉ်မှာ ကျောက်မဲမြို့ကပေါ်ကနေ အဏာသိမ်းစစ်တပ်က ဒီက​နေ့မှာ တိုက်လေယာဉ်အနိမ့်ပျံပြီးခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။