Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတော်ပိုင်ရွှေများကို စစ်ကောင်စီအတွက်ရောင်းပေးရာတွင်ပါဝင်သူအားလုံးကိုအရေးယူမည်ဟု NUGသတိ​ပေး

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများသည် ဗဟိုဘဏ်တွင် အပ်နှံထားသည့် နိုင်ငံတော်ပိုင် ရွှေဒင်္ဂါးပြားများနှင့် ရွှေစင်ချောင်းများကို စီမံချက်ဖြင့်ရောင်းချနေခြင်းအပေါ် NUG၏ ဝန်ကြီးဌာနက ယခုလို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်ပိုင်ရွှေများကို စစ်ကောင်စီအတွက်ရောင်းပေးရာတွင်ပါဝင်သူအားလုံးကိုအရေးယူမည်ဟု NUGသတိ​ပေး
နိုင်ငံတော်ပိုင်ရွှေများကို စစ်ကောင်စီအတွက်ရောင်းပေးရာတွင်ပါဝင်သူအားလုံးကိုအရေးယူမည်ဟု NUGသတိ​ပေး

နိုင်ငံတော်ပိုင်ရွှေများကို စစ်ကောင်စီအတွက်ရောင်းပေးရာတွင်ပါဝင်ပတ်သပ်သူအားလုံးကို အရေးယူမည်ဟု အမျိုးသားညီညွတ်​ရေးအစိုးရ( NUG )သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့(အောက်တိုဘာ ၂ ရက်)တွင် ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများသည် ဗဟိုဘဏ်တွင် အပ်နှံထားသည့် နိုင်ငံတော်ပိုင် ရွှေဒင်္ဂါးပြားများနှင့် ရွှေစင်ချောင်းများကို စီမံချက်ဖြင့်ရောင်းချနေခြင်းအပေါ် NUG၏ ဝန်ကြီးဌာနက ယခုလို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ပြည်သူ့တစ်ရပ်လုံးက အမြင့်ဆုံးတော်လှန်ရေး ဆင်နွှဲနေချိန်တွင် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများသည် စစ်ကောင်စီအတွက် နိုင်ငံတော်ပိုင်ပစ္စည်းများကိုရောင်းချခြင်းဖြင့် ရှာဖွေပေးနေခြင်းဖြစ်ပြီး၊ ထိုသို့ဆောင်ရွက်ပေးနေသည့်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းတို့မှ စီမံခန့်ခွဲသူအရာရှိကြီးများ၊ အရာရှိများ၊ အရာထမ်းနှင့် ပါဝင်ပတ်သတ်သူများကို အရေးယူမည်ဟု NUGကသတိ​​ပေးသည်။

စစ်ကောင်စီက ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ သုံးပိဿာစီကို စက်တင်ဘာ ၂၉ ရက်က ဈေးပြိုင်တင်ဒါစနစ်ဖြင့်ရောင်းချမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလအတွင်းကလည်း ရွှေဒင်္ဂါးပြားများကို ရောင်းချခဲ့သည်။ ထိုသို့ရောင်းချရာတွင် ပြင်ပပေါက်ဈေးထက်ဈေးပိုမိုများသဖြင့် ဝယ်ယူသူအနည်းငယ်သာရှိခဲ့သည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။