Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတွင်စစ်တပ်သိမ်းထားသည့်မြေကွက်များကို NUGက​လေလံတင်ရောင်းချရာ ၁၀ နာရီအတွင်း ဒေါ်လာ ၉သန်းဖိုးခန့်​ရောင်းရဟုထုတ်ပြန်

တော်လှန်ရေးပြည်သူအပေါင်း၏ တော်လှန်ရေးအပေါ် ယုံကြည်စိတ်၊ရဲဝံ့စိတ်နှင့် သစ္စာတရားကြောင့် စတင်ရောင်းချသည့် ပထမနေ့(​အောက်တိုဘာ ၁ရက်) ၁၀ နာရီအတွင်း ဒေါ်လာ ၈ ဒသမ ၈ သန်းဖိုးရောင်းချရခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့ကယ​နေ့ထုတ်ပြန်သည်။

▪︎စတင်​ရောင်းချ​​သော​အောက်တိုဘာ ၁ ရက်တွင် ညလုံး​ပေါက်​ရောင်း​နေရဟု အ​ရောင်းကိုယ်စားလှယ်တစ်ဦး​ပြော

မန္တလေးမြို့တွင် စစ်အုပ်စုကမတရားသိမ်းထားသည့် မြေကွက်များကို အမျိုးသားညီညွတ်​ရေးအစိုးရက​လေလံတင်၍စတင်ရောင်းချ​ပေးရာတွင် ပထမဆုံး ၁၀ နာရီအတွင်း ဒေါ်လာ ၉ သန်းဖိုးခန့်ရောင်းချရကြောင်း NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ EODက ထုတ်ပြန်ကြေညာသည်။

တော်လှန်ရေးပြည်သူအပေါင်း၏ တော်လှန်ရေးအပေါ် ယုံကြည်စိတ်၊ရဲဝံ့စိတ်နှင့် သစ္စာတရားကြောင့် စတင်ရောင်းချသည့် ပထမနေ့(​အောက်တိုဘာ ၁ရက်) ၁၀ နာရီအတွင်း ဒေါ်လာ ၈ ဒသမ ၈ သန်းဖိုးရောင်းချရခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့ကယ​နေ့ထုတ်ပြန်သည်။

“Spring Mandalay ကို ညလုံးပေါက်ရောင်းနေရတယ်။ ကြိုမှာထားတာတွေက ရောင်းဖို့ သတ်မှတ်ထားတဲ့ မြေကွက်တွေထက်ပိုများလို့ ပြန်ပြင်ရသေးတယ်”ဟု အရောင်းကိုယ်စားလှယ်တစ်ဦးကPeople’s Spring သို့ပြောသည်။

မန္တလေးတွင်စစ်တပ်သိမ်းထားသည့်မြေကွက်များကို NUGက​လေလံတင်ရောင်းချရာ ၁၀ နာရီအတွင်း ဒေါ်လာ ၉သန်းဖိုးခန့်​ရောင်းရဟုထုတ်ပြန်
မန္တလေးတွင်စစ်တပ်သိမ်းထားသည့်မြေကွက်များကို NUGက​လေလံတင်ရောင်းချရာ ၁၀ နာရီအတွင်း ဒေါ်လာ ၉သန်းဖိုးခန့်​ရောင်းရဟုထုတ်ပြန်

စစ်ကောင်စီက မတရားသိမ်းယူထားသည့် မန္တ​လေးရှိမြေနေရာ သုံးနေရာမှ မြေကွက်များကို နွေဦးနှင်းဆီ၊နွေဦးတောင်ရိပ်ညိုနှင့်နွေဦးရောင်စဉ်ဟုစီမံကိန်းသုံးခုမှ မြေကွက်များကိုစတင်ရောင်းချနေခြင်းဖြစ်သည်။ စုစုပေါင်းမြေကွက်ပေါင်း ၈၈၀ပါဝင်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

နွေဦးနှင်းဆီစီမံကိန်းသည် မဟာအောင်မြေမြို့နယ်တွင်ရှိပြီး အောင်ဆန်းစုကြည်လမ်း (မူရင်းအသုံးအနှုန်း)တောင်ဘက်တွင် စစ်တပ်က သိမ်းယူထား​သောမြေများကို မြေကွက် ၆၀​ဖော်၍ ရောင်းချခြင်း‌ ဖြစ်သည်။ ထိုမြေကွက်များကို ပေ ၁၀၀ ပတ်လည်မြေကွက်တစ်ကွက်ကို ဒေါ်လာ ၆သိန်းသတ်မှတ်ထားပြီး ကနဦးတွင် ၄၀ ရာခိုင်နှုန်းဖြစ်​သော ဒေါ်လာ၂၄၀,၀၀၀ကို သုံးလအတွင်းပေးချေရမည်ဖြစ်သည်။ ကျန် ၆၀ရာခိုင်နှုန်းကို တော်လှန်ရေးအပြီးတွင် ပေးရမည်ဖြစ်သည်။ ပေ၆၀နှင့် ပေ ၈၀ မြေကွက်ကို ဒေါ်လာ ၃သိန်းဖြင့်ရောင်းချ​နေခြင်းဖြစ်သည်။

မန္တလေးတွင်စစ်တပ်သိမ်းထားသည့်မြေကွက်များကို NUGက​လေလံတင်ရောင်းချရာ ၁၀ နာရီအတွင်း ဒေါ်လာ ၉သန်းဖိုးခန့်​ရောင်းရဟုထုတ်ပြန်
မန္တလေးတွင်စစ်တပ်သိမ်းထားသည့်မြေကွက်များကို NUGက​လေလံတင်ရောင်းချရာ ၁၀ နာရီအတွင်း ဒေါ်လာ ၉သန်းဖိုးခန့်​ရောင်းရဟုထုတ်ပြန်

နွေဦးတောင်ညိုစီမံကိန်းသည် မန္တလေးတောင်ခြေရှိ စစ်တပ်သိမ်းထား​သောမြေများကို မြေကွက် ၃၂၀ သတ်မှတ်၍ရောင်းချခြင်းဖြစ်သည်။ ၎င်းမြေကွက်များအနက် ပေ ၁၀၀ ပတ်လည်မြေကွက်များကို ဒေါ်လာ ၂သိန်းသတ်မှတ်ထားသည်။ ထိုမြေကွက်များသည်လည်း ၄၀ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ရှစ်သောင်းကို ပထမ သုံးလအတွင်း ပေးချေရမည်ဖြစ်သည်။ ထိုမြေကွက်များတွင် ပေ ၆၀ နှင့် ပေ ၈၀ မြေကွက်နှင့် ပေ ၄၀ နှင့် ပေ ၈၀မြေကွက်များလည်းပါဝင်သည်။

နွေဦးရောင်စဉ် စီမံကိန်းသည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေးနည်းပညာတက္ကသိုလ်အနီးတွင် စစ်ကောင်စီသိမ်းယူထားသည့်မြေများကို မြေကွက် ၅၀၀ သတ်မှတ်ရောင်းချ​နေခြင်းဖြစ်သည်။ ၎င်းတို့ထဲမှ‌ပေ ၆၀ နှင့်ပေ ၈၀မြေကွက်များကို ဒေါ်လာ ​လေးသောင်းဖြင့်ရောင်းချခြင်းဖြစ်သည်။ ပေ ၄၀နှင့် ပေ၆၀မြေကွက်များကို ဒေါ်လာ နှစ်သောင်းဖြင့် ရောင်းချမည်ဖြစ်သည်။

စစ်အုပ်စုက အဓမ္မသိမ်းယူထားသည့် မြေကွက်များကို NUGက တော်လှန်ရေးရန်ပုံငွေအတွက် အိမ်ရာစီမံကိန်းများ​ဖော်၍ ရန်ကုန်မြို့တွင်ရောင်းချခဲ့ပြီး​နောက် ယခုအခါမန္တ​​လေးမြို့တွင်ပါစတင်ရောင်းချလာခြင်းဖြစ်သည်။ ရန်ကုန်တွင်ပထမဦးဆုံးအနေဖြင့် ရန်ကုန်မြို့ အင်းယားလမ်းရှိ အာဏာသိမ်းခေါင်းဆောင်သိမ်းယူထားသည့် နေအိမ်ကို ​​ဒေါ်လာ ၁၀ သန်းဖြင့်အစုရှယ်ယာများရောင်းချခဲ့ရာ ​ရောင်းကုန်ပြီး​နောက် ဒုတိယမြောက်အဖြစ် ပြည်လမ်း၆မိုင်ခွဲရှိမင်း​အောင်လှိုင်၏ အိမ်ကို​ဒေါ်လာ ၇ သန်းဖြင့်ရှယ်ယာများ ရောင်းချခဲ့သည်။

မန္တလေးတွင်စစ်တပ်သိမ်းထားသည့်မြေကွက်များကို NUGက​လေလံတင်ရောင်းချရာ ၁၀ နာရီအတွင်း ဒေါ်လာ ၉သန်းဖိုးခန့်​ရောင်းရဟုထုတ်ပြန်
မန္တလေးတွင်စစ်တပ်သိမ်းထားသည့်မြေကွက်များကို NUGက​လေလံတင်ရောင်းချရာ ၁၀ နာရီအတွင်း ဒေါ်လာ ၉သန်းဖိုးခန့်​ရောင်းရဟုထုတ်ပြန်

ထို​နောက်ရန်ကုန်မြို့ရှိ မင်းဓမ္မနှင့်ပါရမီလမ်းပေါ်ရှိ စစ်အုပ်စုသိမ်းယူထားသည့်မြေနေရာများကို နွေဦးရိပ်မွန်နှင့် နွေဦးမော်ကွန်းသစ်အမည်ဖြင့်ရောင်းချခဲ့သည်။ နွေဦးမော်ကွန်းသစ်က မြေကွက် ၆၅၀ ​ရောင်းချခဲ့ရာ အကုန်​ရောင်းချရပြီး ၊ နွေဦးရိပ်မွန်စီမံကိန်းမှာ​မြေကွက် ၁၀၀​ရောင်းချရာတွင် ၉၀ ကွက်​ရောင်းချပြီး ၁၀ကွက်ကျန်​နေ​သေး​ကြောင်းအ​ရောင်းကိုယ်စားလှယ်များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။