Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (အောက်တိုဘာ ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎လာမယ့် အာဆီယံထိပ်သီးညီလာခံကို မင်းအောင်လှိုင် တက်ရောက်ခွင့်မရ

လာမယ့် အာဆီယံထိပ်သီးခေါင်းဆောင်များညီလာခံမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားက ကြေညာလိုက်ပါတယ်။ လာမယ့် နိုဝင်ဘာမှာ အကြိမ် (၄၀)နဲ့ (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံ၊ ဆက်စပ်အစည်းအဝေးများကို ဖနွမ်းပင်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အဲဒီအစည်းအဝေးများသို့ တက်ရောက်ခွင့်ပြုမည်မဟုတ်ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sunry က ပြောပါတယ်။ အလှည့်ကျဥက္ကဌကမ္ဘောဒီးယားဟာ မြန်မာနိုင်ငံမှ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်ကိုသာ တက်ရောက်ဖို့ ဖိတ်ကြားမယ်လို့ ဆိုပါ တယ်။

၂၀၂၁ တွင် အင်ဒိုနီးရှား၌ပြုလုပ်​သော အာဆီယံထိပ်သီးအစည်းအ​​ဝေးတွင် မြန်မာအာဏာသိမ်း​ခေါင်း​ဆောင်ကို တက်​ရောက်ခွင့်ပြုခဲ့​သော်လည်း အစည်းအ​​ဝေးခန်းအစွန်တွင်သာနရာချ​ပေးခဲ့သည်။ ထိုအစည်းအ​ဝေးမှအာဆီယံဘုံသ​ဘောတူညီချက် ၅ ချက်ချမှတ်ခဲ့​သော်လည်းစစ်​ကောင်စီက ကတိဖျက်၍ ​ဝေဖန်မှုများကြုံ​နေသည်။ ။ဓါတ်ပုံ-AP
၂၀၂၁ တွင် အင်ဒိုနီးရှား၌ပြုလုပ်​သော အာဆီယံထိပ်သီးအစည်းအ​​ဝေးတွင် မြန်မာအာဏာသိမ်း​ခေါင်း​ဆောင်ကို တက်​ရောက်ခွင့်ပြုခဲ့​သော်လည်း အစည်းအ​​ဝေးခန်းအစွန်တွင်သာနရာချ​ပေးခဲ့သည်။ ထိုအစည်းအ​ဝေးမှအာဆီယံဘုံသ​ဘောတူညီချက် ၅ ချက်ချမှတ်ခဲ့​သော်လည်းစစ်​ကောင်စီက ကတိဖျက်၍ ​ဝေဖန်မှုများကြုံ​နေသည်။ ။ဓါတ်ပုံ-AP

▪︎ကြံ့ခိုင်ရေးဥက္ကဋ္ဌနေရာနဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နေရာအတွက် ပြန်လည်အရွေးမခံတော့ဘဲ အနားယူတော့မယ်လို့ ဒီနေ့ မနက်ပိုင်းနေပြည်တော်မှာကျင်းပတဲ့ ပါတီညီလာခံမှာ ဦးသန်းဌေးက ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ နိုင်အောင် ဦးမဆောင်နိုင်ခဲ့တာ ၊ပါတီဝင် ၂ထောင်ကျော် အသတ်ခံရတာကို ထိရောက်တဲ့အကာအကွယ်မပေးနိုင်တာ ၊ ၇ နှစ်ကြာ ခံစားနေရတဲ့ ခါးဝေဒနာတွေ ကြောင့် ပါတီဥက္ကဋ္ဌ နေရာ ပြန်အရွေးမခံတော့တာလို့ ဦးသန်းဌေးက အကြောင်းပြပါတယ်။ ဒီနေ့ကျင်းပတဲ့ ပါတီညီလာခံမှာ ယာယီဥက္ကဌတာ၀န်ယူထားတဲ့ ဦးခင်ရီက ဥက္ကဌဖြစ်လာပြီး စစ်တပ် ကနေ မကြာသေးခင်ကမှ အနားယူလိုက်တဲ့ အရာရှိကြီးတွေက ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်နေရာတွေကို ရရှိသွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဦးသန်း​ဌေးနဲ့ ဦးခင်ရီတို့ကိုအခမ်းအနားတစ်ခုတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-ဦးခင်ရီFB
ဦးသန်း​ဌေးနဲ့ ဦးခင်ရီတို့ကိုအခမ်းအနားတစ်ခုတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-ဦးခင်ရီFB

▪︎ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က သေနတ်ပစ်ဖောက်ဝင်ရောက်စစ်ဆေး၊ စစ်ရှောင်များကို နေရပ်ပြန်ရန် ဖိအားပေး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က မနေ့ညပိုင်းက သေနတ်ပစ်ဖောက်ဝင်ရောက်စစ်ဆေးခဲ့ပြီး စစ်ရှောင်များ နေရပ်ပြန်ရန် ခြိမ်းခြောက်ဖိအားပေးပြောဆိုခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်မှာ စစ်ရေးပြင်ဆင်မှုနဲ့ စစ်ရေးတင်းမာမှုက အမြဲတမ်းဖြစ်နေပြီး စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ဖိအားပေး ခြိမ်း ခြောက်ခြင်းမှာ မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။ စစ်ဘေးရှောင်များ မူလနေထိုင်ရာကျေးရွာများမှာ လက်ရှိတွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး တချို့နေရာများမှာ စစ်တပ်က မီးရှို့ခဲ့တာကြောင့် ရွာများပင် မရှိတော့ဘူးလို့ အဲဒီဒေသခံက ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ရက္ခိုင့်တပ်တော်(AA)နဲ့ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့​တဲ့ ပြီးခဲ့တဲ့ ဩဂုတ်လကစလို့ မြို့နယ်အများအပြားကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်​နေခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများ ။ဓါတ်ပုံ- BNA
ရခိုင်ပြည်နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများ ။ဓါတ်ပုံ- BNA

▪︎CDM စစ်ကောင်စီတပ်သားများကို ကြိုဆိုရမှာဖြစ်သလို အယောင်ဆောင်ကိုလည်း သတိထားရမယ်လို့ KNU သတင်းရင်းမြစ်ပြော

စစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေးလာပြီး ပြည်သူ့ဘက် ပူးပေါင်းလာတဲ့ CDMစစ်သည်၊ အရာရှိများကို ကြိုဆိုရမှာဖြစ်သလို အယောင်ဆောင် CDMများ ရှိနိုင်တဲ့အပေါ် လုံခြုံရေးသတိထားရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ လတ်တလောမှာ CDM ဗိုလ်မှူးတစ်ဦး ပျောက်ဆုံးသွားတာနဲ့ပတ်သက်လို့ အခုလို မှတ်ချက်ပြုပြောဆိုလာတာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တွဲကာ စီစဉ်ထားတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ရှိပြီး အဲဒီလို အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တယ်လို့ သူက ရှင်းပြပါတယ်။ တကယ်လို့ CDM စစ်သည်အရာရှိများကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းမိသွားခြင်း၊ CDM အယောင်ဆောင်လာရောက်ခြင်းများရှိပါက အဖွဲ့အစည်း လုံခြုံရေး၊ တော်လှန်ရေးလုံခြုံရေးအတွက် စိတ်ပူစရာရှိတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

CDM လုပ်ပြီး ​ပျောက်​နေ​သော စစ်​ကောင်စီတပ်အရာရှိတစ်ဦး
CDM လုပ်ပြီး ​ပျောက်​နေ​သော စစ်​ကောင်စီတပ်အရာရှိတစ်ဦး

▪︎စစ်ကောင်စီတပ် စစ်​ကြောင်းထိုးလာလို့ ကန့်ဘလူနယ် ရွာ​လေးရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်​နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်အကြမ်းဖက်စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ​လေးရွာမှ ပြည်သူ​ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ကပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ချပ်ကုန်းရွာမှ အင်အား ၆၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာဇော်ချောင်းရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်လာခဲ့တာလို့ဆိုပါတယ်။ အဲဒါကြောင့် ဇော်ချောင်းရွာအပါအဝင် လမ်းကြောတစ်လျှောက်ရှိ အလယ်ခုံရွာ၊သင်တောရွာနဲ့ လွင်ကြီးရွာများရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျေးရွာတွေဟာ ရွာကြီးတွေဖြစ်လို့ ကျေးရွာလေးရွာပေါင်း ၇၅၀၀ ခန့်ရှိနိုင်ပြီး ကန့်ဘလူခရိုင်တခုလုံး စစ်ဘေးရှောင် ၃သောင်းနီးပါးရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

▪︎ကနီမှာ စစ်သင်္ဘောအပါအဝင် ထောက်ပို့ရေယာဉ်အုပ်စုကို PDFများ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောအပါအဝင် ထောက်ပို့ရေယာဉ် ၁၃ စီးကို တိုက်ခိုက်ရာ ထောက်ပို့သင်္ဘောတစ်စီး မီးလောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စနိုက်ပါကျည်ထိသေဆုံးခဲ့တယ်လို့ KLG PDF (ကျောက်လုံးကြီး)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့မနက်ပိုင်းက စစ်ကောင်စီရဲ့ စစ်သင်္ဘောအပါအဝင် ထောက်ပို့ရေယာဥ် ၁၃ စီးသည် မုံရွာမြို့ အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ရိုးအတိုင်း အထက်ပိုင်းကို ဆန်တက်လာခဲ့တာပါ။ ညနေပိုင်းမှာ ကနီမြို့နယ်၊ ကမ်းပြိုသို့အရောက် KLG PDF(ကျောက်လုံးကြီး)၊ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု၊ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့နဲ့ အတူ ယင်းမာပင် ကနီ မဟာမိတ်ညီနောင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ပြည်သူ့ရဲဘော်တစ်ဦး ကျည်ထိထားပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ KLG PDF ပြန်ကြားရေးတာဝန်ခံက အသိပေးပါတယ်။

▪︎မြင်းခြံမြို့နယ် ပျော်ဘွယ်ရွာမှ စစ်ကောင်စီခန့်အုပ်ကြီး အပါအဝင်ပြည်သူ ၂၀ ခန့်ကို စစ်ကောင်စီတ​ပ် ဖမ်းဆီး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ နှစ်ကြိမ်တိုင် ပစ်ခတ်ခံရပြီး သေနတ်များပါသိမ်းဆည်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်တပ်စွဲရာ ပျော်ဘွယ်စံပြအုပ်စုကျေးရွာမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံပြည်သူ၂၀ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်ကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူးနဲ့ စစ်သားများ ထွက်ပြေးသွားတာကြောင့် သူတို့ ရဲ့ သေနတ် ၇ လက်ကို PDFအဖွဲ့က သိမ်းဆည်းသွားခဲ့ပါတယ်။ အဲဒီညနေပိုင်းမှာပဲ စံပြကျေးရွာဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

▪︎ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီရဲကင်းစခန်းကို ဒရုန်းစစ်ဆင်ရေးနဲ့တိုက်ခိုက်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ချောင်းနှစ်ခွတံတားရှိ အကြမ်းဖက်စစ်ကောင်စီရဲကင်းစခန်းကို အောက်တိုဘာ ၂ ရက်က ဒရုန်းစစ်ဆင်ရေးနဲ့တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ Saw Dragon Drone Force – SDDF တာဝန်ရှိသူက ပြောပါတယ်။ SDDF ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် တဂေးရွာအနီး စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို KNLA တပ်ရင်း (၁၇) ၊ နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့နဲ့အတူ ဗုံးသုံးလုံးကြဲကာ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ နှစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီဝင်သုံးဦးသေဆုံးခဲ့တယ်လို့ အဲဒီတာ၀န်ရှိသူက ဆိုပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အတွင်းမှာ အမျိုးသမီးများ ဦးဆောင်ကာ သရက်ချောင်းမြို့နယ်သပိတ် လှုပ်ရှားသူများ၊ ပြည်သူလူထုများပူးပေါင်းကာ “အမျိုးသမီးထုအောက် အာဏာရှင်စနစ်ကျရှုံးစေရမည်” စာသားနဲ့အတူ စစ်အာဏာရှင်အမြစ်ဖြတ်ရေး လူထုကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်-ဆားလင်းကြီးမြို့နယ်ရှိ ဒေသခံပြည်သူများက “Accept NUG and Our Ambassador, Reject Dictator” စာသားကိုင်ဆောင်ပြီး ကုလသမဂ္ဂအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့၊ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ဖို့နဲ့ အကြမ်းဖက် စစ်အာဏာရှင်ကို ငြင်းပယ်ဖို့ ချီတက်တောင်းဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ