Connect with us

Hi, what are you looking for?

သတင်း

တွန်းဇံ ပအဖ အနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၅၀ ကျော်ကို ကြီးစိုးနိုင်ခဲ့ဟု အသိပေး

တွန်းဇံမြို့နယ်ရှိ ကျေးရွာပေါင်း ၅၀ကျော်အား ကြီးစိုးနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ တွန်းဇံ CDF ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန်အား People’s Spring ကဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

(တွန်းဇံမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ဓါတ်ပုံ-တွန်းဇွန်းCDF)
(တွန်းဇံမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ဓါတ်ပုံ-တွန်းဇွန်းCDF)

ချင်းပြည်နယ် တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်ကျေးရွာ ပေါင်း (၅၀) ကျော်ကို ကြီးစိုးနိုင်ခဲ့ပြီဖြစ်ကြောင်း တွန်းဇံမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) က ယမန်နေ့တွင် ထုတ်ပြန်အသိပေးသည်။

တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) မှ တစ်ဆင့်ဖွဲ့စည်းထားသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့်အားလျှော်စွာအခုချိန်အထိ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟူသော အမည်ဖြင့် ကျစ်လျစ်ခိုင်မာစွာရပ်တည်နိုင်သကဲ့သို့ တွန်းဇံ CDF တပ်ဖွဲ့ကို ဦးဆောင်ပြီး လွတ်လပ်နယ်မြေများစွာပိုင်ဆိုင်နိုင်ရေးကိုအဓိကပစ်မှတ်ထားပြီးတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုအချိန်တွင် တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် နယ်မြေတစ်ဆက်တစ်စပ်တည်းရှိသော တွန်းဇံမြို့နယ်၏နယ်မြေထက်ဝက်ကျော်ကိုစိုးမိုးကြီးစိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ တွန်းဇံတွင် ကျေးရွာပေါင်း ၉၀ကျော်ရှိသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၊ ရဲများအပြင် ဇိုမီးလက်နက်ကိုင် ZRA တပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုကြောင့် တွန်းဇံမြို့နယ် နယ်မြေအားလုံး ကြီးစိုးနိုင်ခြင်းမရှိသေးကြောင်း၊ လက်နက်အင်အားတိုးချဲ့ပြီး တွန်းဇံမြို့နယ်ရှိပြည်သူလူထုနှင့်လက်တွဲ၍တွန်းဇံမြို့နယ်ကိုစိုးမိုး အုပ်ချုပ်နိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကြားကာလတွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၏ နယ်မြေအတွင်းရှိ ချင်းမျိုးနွယ်စုများ၏အခြေအနေ ကိုလည်း ဖော်ပြခဲ့ရာ တွန်းဇံမြို့နယ်တွင် နယ်မြေတစ်ဆက်တစ်စပ်တည်းတွင်နေထိုင်သော မျိုးနွယ်စုသုံးမျိုးရှိပြီး ဇို၊ ထားဒို၊ ဂွီတဲ မျိုးနွယ်စုတို့ဖြစ်ပြီး ၎င်းတို့အပြင် ဆိုင်းဇံမျိုးနွယ်စု၊တေဇံမျိုးနွယ်စု၊ တဲဒိမ်မျိုးနွယ်စု၊ဟွာလ်ငူ မျိုးနွယ်စုတို့ အနည်းငယ်စီပြန့်ကြဲနေထိုင်ခဲ့ကြသည်ဟု ပါရှိသည်။

တွန်းဇံမြို့နယ်ရှိ ကျေးရွာပေါင်း ၅၀ကျော်အား ကြီးစိုးနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ တွန်းဇံ CDF ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန်အား People’s Spring ကဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ZRA အဖွဲ့အနေဖြင့်လည်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) အပါအဝင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ချင်းဒေသရှိ ကာကွယ်ရေးတပ် အချို့နှင့် တိုက်ပွဲဖြစ်ပွားမှု၊ ပြဿနာဖြစ်ပွားမှု ရှိခဲ့သည့်အဖွဲ့ဖြစ်သည်။ ထို့ပြင် ZRA သည် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်သည့် အထောက်အထားများ တွေ့ရ၍ ယင်း ZRAအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကြောင်း ချင်းတပ်ဖွဲ့ ၁၈ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC)က ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားပေမယ့် စစ်ရှောင်နေသူအများစု မြို့ကို မပြန်သေးကြောင်း တွန်းဇံဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ် တွန်းဇံမြို့ကို စစ်တပ်နဲ့ စစ်တပ် လက်အောက်ခံ ဇိုမီးတပ် ZRA ပူးပေါင်းအဖွဲ့က မေလ ၁၉ရက်မှာ ပြန်ထိန်းချုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတချို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေအိမ်တွေကို စလင်း ပအဖနဲ့ ပကဖက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါတယ်။