Connect with us

Hi, what are you looking for?

သတင်း

သဖန်းဆိပ်ဆည်အနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀ဦးထက်မနည်းသေဟု ဒေသခံပြော

“ပြည်သူလူထုအနေနဲ့က စစ်ကောင်စီနဲ့နီးတဲ့ နေရာတွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ ဝေးရာမှာ ရှောင်ဖို့ အကြံပြုချင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သဖန်းဆိပ်ဆည်အနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀ဦးထက်မနည်းသေဟု ဒေသခံပြော
သဖန်းဆိပ်ဆည်အနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀ဦးထက်မနည်းသေဟု ဒေသခံပြော

▪️ကန့်ဘလူဒေသ တစ်ပတ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၂၀ခန့် သေဆုံးနိုင်ဟု အသိပေး

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သဖမ်းဆိပ်ဆည်အနီးရှိ ရွှေပေါ်ကုန်းကျေးရွာနား၌ အောက်တိုဘာ ၄ရက် နံနက်က အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သဖန်းဆိပ်ဆည်ရဲကင်းစခန်း(ဆင်စွယ်စခန်း)တွင်တပ်စွဲထားသော စစ်အုပ်စုနှင့် ပျူစောထီးများ ပူးပေါင်းကာ အင်အား ၄၀ဝန်းကျင်ခန့်ဖြင့် သဖန်းဆိပ်ဆည်အနီးရှိ ရွှေပေါ်ကုန်းရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ၁နာရီခန့်ကြာ အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသတွင်း သတင်းများဖော်ပြနေသည့် Infinity Groupက အသိပေးထားသည်။

“စကစ ၁၀ယောက်ကျော်ကျတဲ့ အခုဖြစ်တဲ့ စစ်ကြောင်းကကျတော့ ဆင်စွယ်စခန်းက စခနဲ့ ပျူတွေပေါင်းပြီး ထိုးတဲ့ စစ်ကြောင်းဗျ။ သူတို့စခန်းနဲ့ နီးတဲ့ရွာတွေကိုတော့ ဒုက္ခပေးတာမျိုးတော့ မရှိသေးဘူး။ အရင်က သဖန်းဆိပ်ဆည် ရဲကင်းစခန်း (ဆင်စွယ်စခန်း)မှာပဲ အထိုင်ချထားတာဗျ။ မနေ့ကမှ သူတို့ ကျွန်းလှမြို့ဘက်က ပျူတွေနဲ့ပေါင်းပြီး စစ်ကြောင်းစထိုးလာတာပါဗျ။ အဲဒီမှာ တိုက်ပွဲစဖြစ် တာ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ် များအနက် အရာရှိတစ်ဦး ပါဝင်ကြောင်း၊ အခြားအရာရှိ တစ်ဦးအပါအဝင် ၂၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Infinity Groupက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်မရသေးပေ။

ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ)နှင့် ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၁)မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိ အခိုက် တစုံတရာမရှိခဲ့ဟုဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်ကလည်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းရှိ ရေနံမှော်ဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်နေသော အင်အား ၁၈၀ဝန်းကျင်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးခဲ့ကြောင်း Infinity Group က ဖော်ပြ သည်။

ထို့အပြင် အောက်တိုဘာ ၃ရက် နံနက်အစောပိုင်းက ကန့်ဘလူမြို့နယ်မြောက်ခြမ်း ချပ်သင်းစံပြရွာရဲစခန်းမှ ကင်းစောင့်ရန်ထွက်လာသော အကြမ်းဖက်စစ်အုပ်စုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ ထောင်ထားသောမိုင်းထိမှန်သဖြင့် ရဲတစ်ဦးနှင့် ပျူစောထီး သုံးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

“ပြည်သူလူထုအနေနဲ့က စစ်ကောင်စီနဲ့နီးတဲ့ နေရာတွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ ဝေးရာမှာ ရှောင်ဖို့ အကြံပြုချင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။