Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သဖန်းဆိပ်ဆည်အနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀ဦးထက်မနည်းသေဟု ဒေသခံပြော

“ပြည်သူလူထုအနေနဲ့က စစ်ကောင်စီနဲ့နီးတဲ့ နေရာတွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ ဝေးရာမှာ ရှောင်ဖို့ အကြံပြုချင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သဖန်းဆိပ်ဆည်အနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀ဦးထက်မနည်းသေဟု ဒေသခံပြော
သဖန်းဆိပ်ဆည်အနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀ဦးထက်မနည်းသေဟု ဒေသခံပြော

▪️ကန့်ဘလူဒေသ တစ်ပတ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၂၀ခန့် သေဆုံးနိုင်ဟု အသိပေး

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သဖမ်းဆိပ်ဆည်အနီးရှိ ရွှေပေါ်ကုန်းကျေးရွာနား၌ အောက်တိုဘာ ၄ရက် နံနက်က အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သဖန်းဆိပ်ဆည်ရဲကင်းစခန်း(ဆင်စွယ်စခန်း)တွင်တပ်စွဲထားသော စစ်အုပ်စုနှင့် ပျူစောထီးများ ပူးပေါင်းကာ အင်အား ၄၀ဝန်းကျင်ခန့်ဖြင့် သဖန်းဆိပ်ဆည်အနီးရှိ ရွှေပေါ်ကုန်းရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ၁နာရီခန့်ကြာ အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသတွင်း သတင်းများဖော်ပြနေသည့် Infinity Groupက အသိပေးထားသည်။

“စကစ ၁၀ယောက်ကျော်ကျတဲ့ အခုဖြစ်တဲ့ စစ်ကြောင်းကကျတော့ ဆင်စွယ်စခန်းက စခနဲ့ ပျူတွေပေါင်းပြီး ထိုးတဲ့ စစ်ကြောင်းဗျ။ သူတို့စခန်းနဲ့ နီးတဲ့ရွာတွေကိုတော့ ဒုက္ခပေးတာမျိုးတော့ မရှိသေးဘူး။ အရင်က သဖန်းဆိပ်ဆည် ရဲကင်းစခန်း (ဆင်စွယ်စခန်း)မှာပဲ အထိုင်ချထားတာဗျ။ မနေ့ကမှ သူတို့ ကျွန်းလှမြို့ဘက်က ပျူတွေနဲ့ပေါင်းပြီး စစ်ကြောင်းစထိုးလာတာပါဗျ။ အဲဒီမှာ တိုက်ပွဲစဖြစ် တာ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ် များအနက် အရာရှိတစ်ဦး ပါဝင်ကြောင်း၊ အခြားအရာရှိ တစ်ဦးအပါအဝင် ၂၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Infinity Groupက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်မရသေးပေ။

ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ)နှင့် ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၁)မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိ အခိုက် တစုံတရာမရှိခဲ့ဟုဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်ကလည်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းရှိ ရေနံမှော်ဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်နေသော အင်အား ၁၈၀ဝန်းကျင်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးခဲ့ကြောင်း Infinity Group က ဖော်ပြ သည်။

ထို့အပြင် အောက်တိုဘာ ၃ရက် နံနက်အစောပိုင်းက ကန့်ဘလူမြို့နယ်မြောက်ခြမ်း ချပ်သင်းစံပြရွာရဲစခန်းမှ ကင်းစောင့်ရန်ထွက်လာသော အကြမ်းဖက်စစ်အုပ်စုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ ထောင်ထားသောမိုင်းထိမှန်သဖြင့် ရဲတစ်ဦးနှင့် ပျူစောထီး သုံးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

“ပြည်သူလူထုအနေနဲ့က စစ်ကောင်စီနဲ့နီးတဲ့ နေရာတွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ ဝေးရာမှာ ရှောင်ဖို့ အကြံပြုချင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။