Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မြို့ပေါ်မှာ ဓားပြတိုက်ပြီး အိမ်ရှင်သားအမိ ၂ ဦး ကိုသတ်ဖြတ်

ဓားပြတိုက်ခံရတဲ့အချိန်မှာ နေအိမ်မှာ သားအမိ ၂ ဦးတည်းရှိနေတာဖြစ်ပြီး ၂ဦးလုံးအသတ်ခံလိုက်ရတာလို့ ဒေသခံ အချို့က ပြောပြပါတယ်။

မန္တလေး မြို့ပေါ်မှာ ဓားပြတိုက်ပြီး အိမ်ရှင်သားအမိ ၂ ဦး ကိုသတ်ဖြတ်
မန္တလေး မြို့ပေါ်မှာ ဓားပြတိုက်ပြီး အိမ်ရှင်သားအမိ ၂ ဦး ကိုသတ်ဖြတ်

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်က ဆေးဆိုင် တစ်ဆိုင် ဒီနေ့မနက်အစောပိုင်းမှာ ဓားပြတိုက်ခံရပြီး အမျိုးသမီး ၂ ဦးသတ်ဖြတ်ခံလိုက်ရပါတယ်။

အဲဒီဆေးဆိုင်ဟာ နေအိမ်နဲ့တွဲပြီး ဖွင့်ထားတဲ့ဆိုင်ဖြစ်ကာ မနက် ၄ နာရီခန့်မှာ ဓားပြတိုက်ခံလိုက်ရတာပါ။

ဓားပြတိုက်ခံရတဲ့အချိန်မှာ နေအိမ်မှာ သားအမိ ၂ ဦးတည်းရှိနေတာဖြစ်ပြီး ၂ဦးလုံးအသတ်ခံလိုက်ရတာလို့ ဒေသခံ အချို့က ပြောပြပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီး ၂ဦးဟာ ၅၇ နှစ်နဲ့ ၃၁ နှစ်အရွယ်တို့ရှိကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကတော့ ဓားပြတိုက်လူသတ်သွားတာကိုထုတ်ပြန်လာတာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။