Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ်မှု ကျုးလွန်သူကို နာရီပိုင်းအတွင်း မိပြီလို့ ဆို

ဓားပြတိုက်ပြီး လူသတ်မှု ကျုးလွန်သူအမျိုးသားဟာ ဆေးဝယ်မယ်ဆိုကာ ဆိုင်တံခါးဖွင့်ခိုင်းပြီးနောက် ပြစ်မှုကျုးလွန်ခဲ့တာလို့ စစ်အုပ်စုရဲ့သတင်းဖြန့်ချက်မှာတွေ့ရပါတယ်။

မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ်မှု ကျုးလွန်သူကို နာရီပိုင်းအတွင်း မိပြီလို့ ဆို
မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ်မှု ကျုးလွန်သူကို နာရီပိုင်းအတွင်း မိပြီလို့ ဆို

ဒီနေ့မနက်အစောပိုင်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူသတ် ဓားပြတိုက်မှု က ကျုးလွန်သူအမျိုးသားကို ဖမ်းမိပြီလို့ စစ်အုပ်စုဘက်က ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်လာပါတယ်။

ကျုးလွန်သူအမျိုးသားဟာ အခင်းဖြစ်ပွားတဲ့ နေအိမ်ရှိတဲ့ ရပ်ကွက်မှာပဲ နေထိုင်သူဖြစ်တယ်လို့ စစ်အုပ်စုရဲ့သတင်းဖြန့်ချက်မှာ တွေ့ရပါတယ်။

မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ်မှု ကျုးလွန်သူကို နာရီပိုင်းအတွင်း မိပြီလို့ ဆို
မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ်မှု ကျုးလွန်သူကို နာရီပိုင်းအတွင်း မိပြီလို့ ဆို

ပြည်ကြီးတံခွန်မြို့နယ် ၊ငွေတော်ကြည်ကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်နဲ့ ဆေးဆိုင် တွဲဖွင့်ထားတဲ့ အိမ်ဟာ ဒီနေ့မနက်ပိုင်းကဓားပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး ၂ ဦးပါ အသတ်ခံလိုက်ရတာပါ။

ဓားပြတိုက်ပြီး လူသတ်မှု ကျုးလွန်သူအမျိုးသားဟာ ဆေးဝယ်မယ်ဆိုကာ ဆိုင်တံခါးဖွင့်ခိုင်းပြီးနောက် ပြစ်မှုကျုးလွန်ခဲ့တာလို့ စစ်အုပ်စုရဲ့သတင်းဖြန့်ချက်မှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

သတ်ခံရတဲ့အမျိုးသမီး ကြီး ရဲ့လက်ထဲမှာ လူသတ်ဓားပြတိုက်မှုကျုးလွန်သူရဲ့ဆံပင်တွေလို့ယူဆလို့ရတဲ့ ဆံပင်စတွေကို ဆုပ်ထားတာတွေ့လိုက်ရတယ်လို့ အလောင်းကို လူမှုကူညီရေးအသင်းက သယ်ထုတ်ချိန်မှာတွေ့လိုက်ရသူကပြောပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ မြို့ပေါ် တွေမှာတင် လူသတ်မှုတွေ ၊လုယက်မှုတွေ၊ဓားပြတိုက်မှုတွေ ရက်ဆက်ဆိုသလိုပဲဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။