Connect with us

Hi, what are you looking for?

သတင်း

မုံရွေးကြေးမုံရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူအများအပြားလည်း ဖမ်းဆီးခံထားရ

“ပြည်သူတွေကို အိမ်ထဲတွေထိ ဝင်ခေါ်ပြီး ဘုန်းကြီးကျောင်းတွေထဲမှာ ဖမ်းဆီးထားပြီး ဖုန်းတွေ သိမ်းထားတယ်လို့သိရပါတယ်”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

မုံရွေးကြေးမုံရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို မြင်တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး၊ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး
မုံရွေးကြေးမုံရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို မြင်တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး၊ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မုံရွေးကြေးမုံကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူများလည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၄ရက်)နံနက် ၉နာရီခွဲခန့်က စစ်ကောင်စီတပ်သည် မုံရွေးကြေးမုံကျေးရွာကို ဝင်ရောက် စီးနင်းပြီး ဒေသခံပြည်သူအများအပြားအား ဖမ်း​ဆီးခဲ့ကြောင်း၊ ထို့နောက်နေအိမ်တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေကို အိမ်ထဲတွေထိ ဝင်ခေါ်ပြီး ဘုန်းကြီးကျောင်းတွေထဲမှာ ဖမ်းဆီးထားပြီး ဖုန်းတွေ သိမ်းထားတယ်လို့သိရပါတယ်”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ (အောက်တိုဘာ ၅ရက်) နံနက်၈ နာရီ မိနစ် ၅၀ခန့်တွင် ကျေးရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ခုနစ်လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး နံနက်၁၁နာရီခွဲခန့်တွင်လည်း ထပ်မံမီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မုံရွေးကြေးမုံရွာက တာယာလုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်ကို စပြီး မီးရှို့တာလို့ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်ရှိ လယ်ဇင်ရွာအဝင်လမ်းကိုလည်း ဘူဒိုဇာဖြင့်ထိုးကော်ကာ ဖျက်ဆီးသွားကြောင်း မုံရွာဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း စစ်အာဏာရှင်ဆန့်ကျင်မှုအားကောင်းသည့် ကျေးရွာများ၏ မုံရွာ – အမြင့်လမ်းကိုလည်း ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။