Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ဝေါ်လေလမ်း ယနေ့တိုက်ပွဲ ညပိုင်းအထိ ဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိ

ယနေ့ ၉နာရီမှစ၍ ၁နာရီခွဲခန့် တိုက်ပွဲဖြစ်ခဲ့ပြီး မွန်းလွဲ ၃နာရီမှစ၍ ယခု သတင်းထုတ်ပြန်သည့် ညပိုင်း အချိန်ထိတိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးသည်။

ကော်ဘရာစစ်သည်များ လက်နက်ကြီးပစ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ - ကော်ဘရာ စစ်ကြောင်း
ကော်ဘရာစစ်သည်များ လက်နက်ကြီးပစ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ - ကော်ဘရာ စစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ -ဝေါ်လေလမ်း၌ ယနေ့ အောက်တိုဘာ ၆ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တိုက်ခိုက်ရေးတပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)တို့နှင့် KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း ၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ(၂)တို့ တိုက်ပွဲဆက်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ယနေ့ ၉နာရီမှစ၍ ၁နာရီခွဲခန့် တိုက်ပွဲဖြစ်ခဲ့ပြီး မွန်းလွဲ ၃နာရီမှစ၍ ယခု သတင်းထုတ်ပြန်သည့် ညပိုင်း အချိန်ထိတိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးသည်။

တိုက်ပွဲတွင် လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်ခြင်း၊ ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး ခြေမှုန်းရေး စစ်သည်များနှင့် မြေပြင်ထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ ယနေ့ တိုက်ပွဲစဉ်များအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

မြ၀တီ – ဝေါ်လေလမ်း တောင်နီး ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ကိုလည်း ပူးပေါင်းတပ်ဖွဲ့ကယနေ့ နေ့လည်ပိုင်း၌ တိုက်ခိုက်ခဲ့ရာ လက်ဖြောင့်စနိုက်ပါ စစ်သည်များ၏ လက်ချက်ကြောင့်

စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

မြဝတီ – ဝေါ​လေလမ်းကို စစ်​ကောင်စီတပ်က ထိန်းချုပ်နိုင်ရန် ယခုနှစ် ဇူလိုင်လဆန်းမှစ၍ စစ်​ကြောင်းများ အကြိမ်ကြိမ်ထိုး၍ တိုက်ပွဲများ မကြာခဏဖြစ်ပွား​​နေသည်။ စစ်​ကောင်စီတပ်က ကြည်း​ကြောင်းအပြင် ​လေ​ကြောင်းမှပါ တိုက်ခိုက်​သော်လည်း ​KNLA ဦး​ဆောင်​သော ​ကော်ဘရာစစ်​ကြောင်း၏ တန်ပြန်ခုခံစစ်​ကြောင့် နယ်​မြေများကို စိုးမိုးနိုင်ခြင်းမရှိဘဲ စစ်​ကောင်စီတပ်မှာ ​သေဆုံးထိခိုက်မှုများစွာ၊ တပ်​မှပြေးသူများ၊ ပြည်သူနှင့်ပူး​​ပေါင်းပြီးCDM ပြုလုပ်သူများတိုးလာပြီး စစ်​ကောင်စီတပ် အထိနာ​ခဲ့သည်။

စစ်​ကောင်စီတပ်က စစ်​ကြောင်းထပ်ထိုးပါက တပ်ပျက်သည့်အထိ​ ချေမှုန်းခံရမည်ဖြစ်​ကြောင်း ​ကော်ဘရာစစ်​ကြောင်း ပြန်ကြား​​ရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။