Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်လေလမ်း ယနေ့တိုက်ပွဲ ညပိုင်းအထိ ဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိ

ယနေ့ ၉နာရီမှစ၍ ၁နာရီခွဲခန့် တိုက်ပွဲဖြစ်ခဲ့ပြီး မွန်းလွဲ ၃နာရီမှစ၍ ယခု သတင်းထုတ်ပြန်သည့် ညပိုင်း အချိန်ထိတိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးသည်။

ကော်ဘရာစစ်သည်များ လက်နက်ကြီးပစ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ - ကော်ဘရာ စစ်ကြောင်း
ကော်ဘရာစစ်သည်များ လက်နက်ကြီးပစ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ - ကော်ဘရာ စစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ -ဝေါ်လေလမ်း၌ ယနေ့ အောက်တိုဘာ ၆ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တိုက်ခိုက်ရေးတပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)တို့နှင့် KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း ၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ(၂)တို့ တိုက်ပွဲဆက်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ယနေ့ ၉နာရီမှစ၍ ၁နာရီခွဲခန့် တိုက်ပွဲဖြစ်ခဲ့ပြီး မွန်းလွဲ ၃နာရီမှစ၍ ယခု သတင်းထုတ်ပြန်သည့် ညပိုင်း အချိန်ထိတိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးသည်။

တိုက်ပွဲတွင် လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်ခြင်း၊ ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး ခြေမှုန်းရေး စစ်သည်များနှင့် မြေပြင်ထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ ယနေ့ တိုက်ပွဲစဉ်များအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

မြ၀တီ – ဝေါ်လေလမ်း တောင်နီး ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ကိုလည်း ပူးပေါင်းတပ်ဖွဲ့ကယနေ့ နေ့လည်ပိုင်း၌ တိုက်ခိုက်ခဲ့ရာ လက်ဖြောင့်စနိုက်ပါ စစ်သည်များ၏ လက်ချက်ကြောင့်

စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

မြဝတီ – ဝေါ​လေလမ်းကို စစ်​ကောင်စီတပ်က ထိန်းချုပ်နိုင်ရန် ယခုနှစ် ဇူလိုင်လဆန်းမှစ၍ စစ်​ကြောင်းများ အကြိမ်ကြိမ်ထိုး၍ တိုက်ပွဲများ မကြာခဏဖြစ်ပွား​​နေသည်။ စစ်​ကောင်စီတပ်က ကြည်း​ကြောင်းအပြင် ​လေ​ကြောင်းမှပါ တိုက်ခိုက်​သော်လည်း ​KNLA ဦး​ဆောင်​သော ​ကော်ဘရာစစ်​ကြောင်း၏ တန်ပြန်ခုခံစစ်​ကြောင့် နယ်​မြေများကို စိုးမိုးနိုင်ခြင်းမရှိဘဲ စစ်​ကောင်စီတပ်မှာ ​သေဆုံးထိခိုက်မှုများစွာ၊ တပ်​မှပြေးသူများ၊ ပြည်သူနှင့်ပူး​​ပေါင်းပြီးCDM ပြုလုပ်သူများတိုးလာပြီး စစ်​ကောင်စီတပ် အထိနာ​ခဲ့သည်။

စစ်​ကောင်စီတပ်က စစ်​ကြောင်းထပ်ထိုးပါက တပ်ပျက်သည့်အထိ​ ချေမှုန်းခံရမည်ဖြစ်​ကြောင်း ​ကော်ဘရာစစ်​ကြောင်း ပြန်ကြား​​ရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook