Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟင်္သာတမြို့လယ်တွင် ပြည်သူများအား မတရားငွေကောက်ခံနေသည့် စစ်အုပ်စုနှင့်ဝန်ထမ်းများ ဆိုင်ကယ်ဗုံးဖြင့် တိုက်ခိုက်ခံရ

ဟင်္သာတမြို့လယ်ရှိ အာဇာနည်ပန်းခြံအနီးတွင် ယနေ့ ညနေ ၄နာရီ ၁၀ မိနစ်ခန့်က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီအုပ်စုကို ဦတည်တိုက်ခိုက်သွားခြင်းဟု မြို့ခံများက ပြောသည်။

ယနေ့ပေါက်ကွဲသည့်နေရာပတ်ဝန်းကျင်တွင် ယခင်က စစ်ကောင်စီတန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့စဥ်၊ ဓာတ်ပုံ - CJ (ပုံအဟောင်းကို အသုံးပြုထားပါသည်)
ယနေ့ပေါက်ကွဲသည့်နေရာပတ်ဝန်းကျင်တွင် ယခင်က စစ်ကောင်စီတန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့စဥ်၊ ဓာတ်ပုံ - CJ (ပုံအဟောင်းကို အသုံးပြုထားပါသည်)

ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေး အကြောင်းပြပြီး မြို့ခံများထံမှ ‌နေ့စဉ် မတရားငွေကောက်ခံနေသည့် စစ်ကောင်စီနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဆိုင်ကယ်တွင် ဗုံးဆင်၍ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။

ဟင်္သာတမြို့လယ်ရှိ အာဇာနည်ပန်းခြံအနီးတွင် ယနေ့ ညနေ ၄နာရီ ၁၀ မိနစ်ခန့်က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီအုပ်စုကို ဦတည်တိုက်ခိုက်သွားခြင်းဟု မြို့ခံများက ပြောသည်။

“စစ်တပ်၊ရဲနဲ့ဌာနဆိုင်ရာတွေက ဆိုင်ကယ်တွေ အရမ်းဖမ်းပြီး မြို့ခံတွေဆီကနေ ဓားပြတိုက်သလို လုပ်နေတာ။ နေ့လည်းဖမ်း၊ ညလည်းဖမ်း။ အခုလည်း သူတို့ ဆိုင်ကယ်ဖမ်းနေတဲ့နေရာနားမှာ ဆိုင်ကယ်ထဲ ဗုံးထည့်ပြီး ဖောက်ခွဲတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရဲနှစ်ဦး ထိမှန်သွားပြီး တစ်ဦးသေဆုံးသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို မသိရသေးပေ။

ပေါက်ကွဲမှုဖြစ်သည့် နေရာအနီးတွင် စစ်ကောင်စီတပ်သည် မကြာ‌သေးမီက ပြုလုပ်ထားသည့် We Love Hinthada ဟု ရေးထားသော ဆိုင်းဘုတ်ရှိသည်။ ယင်းဆိုင်းဘုတ်အတွက် ကုန်ကျစရိတ်ရှာဖွေရန်ဟုဆိုကာ စစ်ကောင်စီအပါအဝင် ဌာနဆိုင်ရာများက မြို့ခံများထံ အကြောင်းအမျိုးမျိုးပြငွေတောင်းနေသည်။

“ဆိုင်ကယ်တစ်စီးကို ငါးသောင်းထားကွာ။ တစ်နေ့ကို အစီးတစ်ရာဖမ်းနေတာ။ ခွေးသားတွေက အကုန်အိတ်ထဲထည့်နေတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။