Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတမြို့လယ်တွင် ပြည်သူများအား မတရားငွေကောက်ခံနေသည့် စစ်အုပ်စုနှင့်ဝန်ထမ်းများ ဆိုင်ကယ်ဗုံးဖြင့် တိုက်ခိုက်ခံရ

ဟင်္သာတမြို့လယ်ရှိ အာဇာနည်ပန်းခြံအနီးတွင် ယနေ့ ညနေ ၄နာရီ ၁၀ မိနစ်ခန့်က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီအုပ်စုကို ဦတည်တိုက်ခိုက်သွားခြင်းဟု မြို့ခံများက ပြောသည်။

ယနေ့ပေါက်ကွဲသည့်နေရာပတ်ဝန်းကျင်တွင် ယခင်က စစ်ကောင်စီတန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့စဥ်၊ ဓာတ်ပုံ - CJ (ပုံအဟောင်းကို အသုံးပြုထားပါသည်)
ယနေ့ပေါက်ကွဲသည့်နေရာပတ်ဝန်းကျင်တွင် ယခင်က စစ်ကောင်စီတန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့စဥ်၊ ဓာတ်ပုံ - CJ (ပုံအဟောင်းကို အသုံးပြုထားပါသည်)

ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေး အကြောင်းပြပြီး မြို့ခံများထံမှ ‌နေ့စဉ် မတရားငွေကောက်ခံနေသည့် စစ်ကောင်စီနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဆိုင်ကယ်တွင် ဗုံးဆင်၍ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။

ဟင်္သာတမြို့လယ်ရှိ အာဇာနည်ပန်းခြံအနီးတွင် ယနေ့ ညနေ ၄နာရီ ၁၀ မိနစ်ခန့်က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီအုပ်စုကို ဦတည်တိုက်ခိုက်သွားခြင်းဟု မြို့ခံများက ပြောသည်။

“စစ်တပ်၊ရဲနဲ့ဌာနဆိုင်ရာတွေက ဆိုင်ကယ်တွေ အရမ်းဖမ်းပြီး မြို့ခံတွေဆီကနေ ဓားပြတိုက်သလို လုပ်နေတာ။ နေ့လည်းဖမ်း၊ ညလည်းဖမ်း။ အခုလည်း သူတို့ ဆိုင်ကယ်ဖမ်းနေတဲ့နေရာနားမှာ ဆိုင်ကယ်ထဲ ဗုံးထည့်ပြီး ဖောက်ခွဲတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရဲနှစ်ဦး ထိမှန်သွားပြီး တစ်ဦးသေဆုံးသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို မသိရသေးပေ။

ပေါက်ကွဲမှုဖြစ်သည့် နေရာအနီးတွင် စစ်ကောင်စီတပ်သည် မကြာ‌သေးမီက ပြုလုပ်ထားသည့် We Love Hinthada ဟု ရေးထားသော ဆိုင်းဘုတ်ရှိသည်။ ယင်းဆိုင်းဘုတ်အတွက် ကုန်ကျစရိတ်ရှာဖွေရန်ဟုဆိုကာ စစ်ကောင်စီအပါအဝင် ဌာနဆိုင်ရာများက မြို့ခံများထံ အကြောင်းအမျိုးမျိုးပြငွေတောင်းနေသည်။

“ဆိုင်ကယ်တစ်စီးကို ငါးသောင်းထားကွာ။ တစ်နေ့ကို အစီးတစ်ရာဖမ်းနေတာ။ ခွေးသားတွေက အကုန်အိတ်ထဲထည့်နေတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

Facebook