Connect with us

Hi, what are you looking for?

သတင်း

လမ်းကြောင်းများ၌ ပြည်သူ့ထံမှ ငွေကောက်ခံခြင်းလုံးဝမပြုရန် တပ်ဖွဲ့ဝင်များအား အမိန့်ထုတ် ထားဟု CNO/CNDF အသိပေး

CNO/CNDF အမည်သုံးပြီး ငွေကြေးကောက်ခံမှု ပြုလုပ်နေခြင်းများ ရှိနေသည့်အပေါ် ယခုကဲ့သို့ အသိပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ အထူးကွန်မန်ဒိုသမားများ လေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CNDF
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ အထူးကွန်မန်ဒိုသမားများ လေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CNDF

▪️အဖွဲ့အမည်သုံးပြီး ငွေကြေးကောက်ခံနေသူများတာဝန်ခံရမည်ဟု သတိပေး

ချင်းပြည်နယ် ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်းနှင့် လှုပ်ရှားနယ်မြေ မည်သည့်လမ်းကြောင်းတွင်မဆို ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် တံစိုးလက်ဆောင် လက်ခံခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရန် တပ်သားများအားလုံးထံ အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ယနေ့ ထုတ်ပြန်သည်။

CNO/CNDF အမည်သုံးပြီး ငွေကြေးကောက်ခံမှု ပြုလုပ်နေခြင်းများ ရှိနေသည့်အပေါ် ယခုကဲ့သို့ အသိပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကလေး-တီးတိန်-တီအိုချောင်း လမ်းမတလျှောက်တွင် CNO/CNDF မှ တပ်စွဲထားခြင်း မရှိသကဲ့သို့ ပြည်သူများထံမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံခြင်း လုံးဝ (လုံးဝ) မရှိကြောင်း၊ သို့သော် CNO/CNDF အမည်နာမကို အလွဲသုံးစားလုပ်၍ လမ်းမကြီးတွင် ငွေကြေးကောက်ခံနေကြောင်း ပြည်သူများထံမှ ကြားသိရသည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဖလမ်းမြို့နယ်အတွင်း စစ်ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခွန်ကောက်ခံရေး ကိစ္စအဝဝတွင် CNO/CNDFသည်သာ စီမံပိုင်ခွင့် ရှိသည့်အလျောက် CNO/CNDFအမည်နာမကို အသုံးပြုလျက် ငွေကြေးကောက်ခံခြင်းများ ဆက်လက်လုပ်ဆောင်လာပါက ထိုကဲ့သို့ လုပ်ရပ်များသည် တရားဝင်မှုမရှိကြောင်းနှင့် လုပ်ဆောင်သူများက မိမိတို့လုပ်ရပ်အပေါ် တာ၀န်ခံရမည် ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

CNO/CNDF မှ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်းနှင့် မိမိတို့လှုပ်ရှားနယ်မြေ မည်သည့်လမ်းကြောင်း တွင်မဆို ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် တံစိုးလက်ဆောင် လက်ခံခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် CNDF တပ်သားများအားလုံးထံ အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပြည်သူများမှ မေတ္တာဖြင့်ပေးကမ်းလာသော လက်ဆောင်များပင် အဖွဲ့ခေါင်းဆောင်ထံသို့ အသိပေး အကြောင်းကြားပြီးမှသာ စနစ်တကျလက်ခံရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် လမ်းမကြီးတစ်လျှောက် တပ်စွဲသည့် နေ့မှစ၍ ယနေ့အချိန်ထိ ပြည်သူများထံ အခွန်ကဲ့သို့လည်းကောင်း၊ ဆက်ကြေးကဲ့သို့ သော်လည်းကောင်း ငွေကြေးကောက်ခံခြင်း တစ်စိုးတစ်စဉ်းမျှ မရှိခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က အင်အားထပ်မံ ဖြည့်တင်းလာကြောင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ဟားခါးမြို့အနီးတောတောင်ဒေသတွေကိုဒီက​နေ့ကစပြီး သွားလာလှုပ်ရှားခြင်းမပြုလုပ်ဖို့ အများပြည်သူကို အသိပေးကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်ပါတယ်။