Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံပန်းခြံအနီးမှာ စစ်ကောင်စီကင်းလှည့်ကားတိုက်ခိုက်ခံရ

မနက် ၇ နာရီခွဲခန့်က တောင်ဒဂုံမြို့နယ် ၊ ပြည်ထောင်စုလမ်းမကြီးပေါ် မှာ ရှိတဲ့ ယောက်ကော်မှတ်တိုင်အနီးမှာ စစ်ကောင်စီကင်းလှည့်ကား တိုက်ခိုက်ခံလိုက်ရတာပါ။

ဓာတ်ပုံ − KIC
ဓာတ်ပုံ − KIC

ဒီနေ့မနက်ပိုင်းက ရန်ကုန်၊ တောင်ဒဂုံ ပန်းခြံ အနီးမှာ စစ်ကောင်စီကင်းလှည့်ကား ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။

မနက် ၇ နာရီခွဲခန့်က တောင်ဒဂုံမြို့နယ် ၊ ပြည်ထောင်စုလမ်းမကြီးပေါ် မှာ ရှိတဲ့ ယောက်ကော်မှတ်တိုင်အနီးမှာ စစ်ကောင်စီကင်းလှည့်ကား တိုက်ခိုက်ခံလိုက်ရတာပါ။

အဲဒီတိုက်ခိုက်မှုကို Giant Guard Underground က လုပ်ဆောင်တာလို့ထုတ်ပြန်ပါတယ်။

ကင်းလာချတဲ့ စစ်ကောင်စီတပ်သားတွေ ကားပေါ်က ဆင်းချိန် အဝေးထိန်းဗုံး နဲ့ တိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တောင်ဒဂုံမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက စစ်ကောင်စီ ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ၊ သတင်းပေးတွေ တိုက်ခိုက်ခံခဲ့ရတာရှိပါတယ်။

ဒါကြောင့် မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ ရပ်ကွက်တွေထဲ ဆိုင်ကယ်နဲ့ အုပ်စုဖွဲ့ပြီး ကင်းလှည့်တာတွေကို ခပ်စိတ်စိတ် လုပ်လာတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ယုဇနဥယျာဉ်မြို့တော် မှာရှိတဲ့ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးရဲ့ အဖျော်ယမကာဆိုင် ကိုတောင်ဒဂုံမြို့နယ် ပြောက်ကျားတပ်ဖွဲ့ ဗုံးနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှု အပြီး ရက်ပိုင်းအတွင်းမှာတင် တောင်ဒဂုံမြို့နယ်ပြောက်ကျားတပ်ဖွဲ့ဝင်အချို့ ဖမ်းခံလိုက်ရလို့ မြေအောက်လုပ်ငန်းတွေကို ခေတ္တရပ်နားထားမယ်လို့ အဲဒီအဖွဲ့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook