Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံမြို့နယ် (၉၂)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူး​၏ အရက်ဆိုင်အား သတိပေးဖောက်ခွဲ၊ ရာအိမ်မှူး​၏ ယာဥ်တစ်စီးပျက်စီး

“ကျွန်တော်တို့ လုပ်စရာရှိတာတွေကို တစ်ဆင့်ချင်းရှေ့ ဆက်လုပ်သွားပါမယ်”ဟု SDGF မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

တောင်ဒဂုံမြို့နယ် (၉၂)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူး​၏ အရက်ဆိုင်အား သတိပေးဖောက်ခွဲ၊ ရာအိမ်မှူး​၏ ယာဥ်တစ်စီးပျက်စီး
တောင်ဒဂုံမြို့နယ် (၉၂)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူး​၏ အရက်ဆိုင်အား သတိပေးဖောက်ခွဲ၊ ရာအိမ်မှူး​၏ ယာဥ်တစ်စီးပျက်စီး

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ယုဇနဥယျာဥ်မြို့တော် (၉၂)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူး အောင်ကျော်စောပိုင် အရက်နှင့် အဖျော်ယမကာအရောင်းဆိုင်အား သတိပေးသည့်အနေဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ SDGF က ပြောသည်။

ယနေ့ (အောက်တိုဘာ ၅ ရက်) ည ၇ နာရီ ၅၂ မိနစ်ခန့်က ရာအိမ်မှူးအောင်ကျော်စော ပိုင်ဆိုင်သော ‘ရွှေမြင့်မိုရ်’အဖျော်ယမကာ စတိုးဆိုင်ရှေ့ ဖောက်ခိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရာအိမ်မှူးပိုင် ယာဥ်တစ်စီးပျက်စီးသွားသည်ဟု ဆိုသည်။

အဆိုပါ အောင်မြင့်မိုရ် အရက်ဆိုင်ပိုင်ရှင်အောင်ကျော်စောသည် လောင်စာဆီမှောင်ခိုလုပ်ငန်းဖြင့် စစ်ကောင်စီထောက်တိုင်အဖြစ် ရပ်တည်နေသူဖြစ်ပြီး စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ အဓိကရောင်းချနေသူအဖြစ် စုံစမ်းသိရှိရကြောင်း SDGF က ပြောသည်။

အလားတူ စစ်ကောင်စီလက်ဝေခံ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် တော်လှန်ရေးရဲဘော်များ၏ မိသားစုဝင်များကို လိုက်လံသတ်ဖြတ်နေကြောင်း ရွံရှာဖွယ်ကြားသိနေရပြီး SDGF အနေဖြင့်လည်း စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များအား ရန်ငါပြတ်စွာ ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ လုပ်စရာရှိတာတွေကို တစ်ဆင့်ချင်းရှေ့ ဆက်လုပ်သွားပါမယ်”ဟု SDGF မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

အထက်ပါတိုက်ခိုက်မှုကို တောင်ဒဂုံပြောက်ကျားတပ်ဖွဲ့ SDGF နှင့် ဒို့ရိုးရာ ပြောက်ကျားတပ်ဖွဲ့စသည့် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ လုံခြုံရာသို့ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။