Connect with us

Hi, what are you looking for?

သတင်း

မြန်မာသတင်းသမားများအတွက် စိုးရိမ်ပူပန်ကြောင်းကုလပြော

တရားမဝင်စစ်အာဏာသိမ်းမှုအပြီး မီဒီယာများကိုဖိနှိပ်မှု၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ရာဇဝတ်မှုတပ်ခြင်း၊ အကျဥ်းချခြင်း နှင့် သတင်းဌာနရုံးခန်းများကို စီးနင်းခြင်း စသည့် ဖြစ်ရပ်ပေါင်း ၂၀၀ ကျော်ကို ယူနက်စကိုက မှတ်တမ်းတင်ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်းဓါတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး ။ ဓါတ်ပုံ-ရိုက်တာ ၊AFP)

မြန်မာသတင်းသမားများအတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်၏ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ် ယူနက်စကို၏စာရင်းပြုစုချက်အရ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ အနည်းဆုံး သတင်းသမား ၁၇၀ ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး ၁၂ ဦးအပါအဝင် ၇၀ နီးပါးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု ကုလပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဆိုသည်။

တရားမဝင်စစ်အာဏာသိမ်းမှုအပြီး မီဒီယာများကိုဖိနှိပ်မှု၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ရာဇဝတ်မှုတပ်ခြင်း၊ အကျဥ်းချခြင်း နှင့် သတင်းဌာနရုံးခန်းများကို စီးနင်းခြင်း စသည့် ဖြစ်ရပ်ပေါင်း ၂၀၀ ကျော်ကို ယူနက်စကိုက မှတ်တမ်းတင်ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်းဓါတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး ။ ဓါတ်ပုံ-ရိုက်တာ ၊AFP)
(၂၀၂၁ ​ဖေ​ဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်းဓါတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး ။ ဓါတ်ပုံ-ရိုက်တာ ၊AFP)

ထို့အပြင် အမျိုးသမီး ၇ ဦးအပါအ၀င် သတင်းသမား ၄၄ ဦးဟာ ဒေသဆိုင်ရာ တရားရုံးများ၏ ရာဇ၀တ်မှုများဖြင့် တရားစွဲဆို ထောင်ချခံထားရပြီး သတင်းသမားများသည် မိုဘိုင်းဖုန်းများနှင့် လူမှုကွန်ရက်ပလက်ဖောင်းများ၏ ဒီဂျစ်တယ်စောင့်ကြည့်ခြင်းကိုခံနေရကြောင်း သိရသည်။ ယူနက်စကိုသည် သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးရန်၊ ခုခံရန် ဆက်လက် ကတိကဝတ်ပြုကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းနောက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များက အကူအညီလိုအပ်ချက်အသစ်များကို တုန့်ပြန်ဆောင်ရွက်ရန် ဆက်လက်လုပ်ဆောင်နေကြပြီး ယခုနှစ်ပထမနှစ်ဝက်တွင် ကူညီထောက်ပံ့မှုလိုအပ်နေသူ လူပေါင်း ၃.၁ သန်းထံ တနည်းနည်းဖြင့် အကူအညီပေးနိုင်ရန် ဆောင်ရွက်နေသည်ဟု Stephane Dujarric က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။