Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာသတင်းသမားများအတွက် စိုးရိမ်ပူပန်ကြောင်းကုလပြော

တရားမဝင်စစ်အာဏာသိမ်းမှုအပြီး မီဒီယာများကိုဖိနှိပ်မှု၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ရာဇဝတ်မှုတပ်ခြင်း၊ အကျဥ်းချခြင်း နှင့် သတင်းဌာနရုံးခန်းများကို စီးနင်းခြင်း စသည့် ဖြစ်ရပ်ပေါင်း ၂၀၀ ကျော်ကို ယူနက်စကိုက မှတ်တမ်းတင်ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်းဓါတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး ။ ဓါတ်ပုံ-ရိုက်တာ ၊AFP)

မြန်မာသတင်းသမားများအတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်၏ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ် ယူနက်စကို၏စာရင်းပြုစုချက်အရ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ အနည်းဆုံး သတင်းသမား ၁၇၀ ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး ၁၂ ဦးအပါအဝင် ၇၀ နီးပါးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု ကုလပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဆိုသည်။

တရားမဝင်စစ်အာဏာသိမ်းမှုအပြီး မီဒီယာများကိုဖိနှိပ်မှု၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ရာဇဝတ်မှုတပ်ခြင်း၊ အကျဥ်းချခြင်း နှင့် သတင်းဌာနရုံးခန်းများကို စီးနင်းခြင်း စသည့် ဖြစ်ရပ်ပေါင်း ၂၀၀ ကျော်ကို ယူနက်စကိုက မှတ်တမ်းတင်ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်းဓါတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး ။ ဓါတ်ပုံ-ရိုက်တာ ၊AFP)
(၂၀၂၁ ​ဖေ​ဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်းဓါတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး ။ ဓါတ်ပုံ-ရိုက်တာ ၊AFP)

ထို့အပြင် အမျိုးသမီး ၇ ဦးအပါအ၀င် သတင်းသမား ၄၄ ဦးဟာ ဒေသဆိုင်ရာ တရားရုံးများ၏ ရာဇ၀တ်မှုများဖြင့် တရားစွဲဆို ထောင်ချခံထားရပြီး သတင်းသမားများသည် မိုဘိုင်းဖုန်းများနှင့် လူမှုကွန်ရက်ပလက်ဖောင်းများ၏ ဒီဂျစ်တယ်စောင့်ကြည့်ခြင်းကိုခံနေရကြောင်း သိရသည်။ ယူနက်စကိုသည် သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးရန်၊ ခုခံရန် ဆက်လက် ကတိကဝတ်ပြုကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းနောက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များက အကူအညီလိုအပ်ချက်အသစ်များကို တုန့်ပြန်ဆောင်ရွက်ရန် ဆက်လက်လုပ်ဆောင်နေကြပြီး ယခုနှစ်ပထမနှစ်ဝက်တွင် ကူညီထောက်ပံ့မှုလိုအပ်နေသူ လူပေါင်း ၃.၁ သန်းထံ တနည်းနည်းဖြင့် အကူအညီပေးနိုင်ရန် ဆောင်ရွက်နေသည်ဟု Stephane Dujarric က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

သတင်း

ရခိုင်ပြည်နယ် ၊ မင်းပြား မြို့နယ်၊သာ​ဒေ​ကျေးရွာ ကို မတ် ၁၈ ရက်နံနက်အ​စောပိုင်းမှာ စစ်​ကောင်စီတပ်က ​လေ​ကြောင်းက​နေတိုက်ခိုက်တာ​ကြောင့်ရွာမှာ​နေထိုင်တဲ့ ရိုဟင်ဂျာ ၂၃ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ်ရုံး အကြံပေး အရာရှိ တဦးကလည်း အောက်တိုဘာ ၇ ရက်၊ ဟားမားစ်တွေရဲ့ တိုက်ခိုက်မှုမှာ UNRWA လခစား ဝန်ထမ်းတွေ ပူးပေါင်း ပါဝင်ခဲ့ကြောင်း BBCကို သီးခြား မှတ်ချက်ပေးခဲ့ပါတယ်။