Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့နယ် ပြည်သူ့တရားရုံး ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း CDF(ဟားခါး) ကောင်စီ အသိပေး

ချင်းပြည်နယ် မင်းတပ်တွင်လည်း တရားစီရင်ရေးဌာနက တစ်နှစ်အတွင်း အမှုပေါင်း ၁၂၀ကို အပြီးအပြတ် စစ်ဆေးခဲ့ကြောင်း အသိပေးထားပြီး ထိုသို့ ဆောင်ရွက်ရာတွင် ချင်းဓလေ့ထုံးစံနှင့် ဖြေရှင်းခြင်း၊ မြို့နယ်တရားစီရင်ရေး အရ ရာဇသတ်ကြီးဥပဒေများအရ ပြစ်ဒဏ်များချမှတ်အရေးယူခဲ့သည်ဟု ဆိုသည်။

ဟားခါးမြို့နယ် ပြည်သူ့တရားရုံး ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း CDF(ဟားခါး) ကောင်စီ အသိပေး
ဟားခါးမြို့နယ် ပြည်သူ့တရားရုံး ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း CDF(ဟားခါး) ကောင်စီ အသိပေး

ချင်းပြည်နယ် ဟားခါးမြို့နယ် ပြည်သူ့တရားရုံး ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ချင်းဒေသကာကွယ် ရေးတပ်(CDF)-ဟာခါး ကောင်စီက ယနေ့ ထုတ်ပြန်သည်။

တော်လှန်ရေးကာလအတွင်း ဟားခါးမြို့နယ် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သောဒေသတွင်း ဥပဒေစိုးမိုးရေးကို စောင့်ထိန်းနိုင်ရန် နှင့် တရားမျှတမှုအတွက် အောက်တိုဘာ ၁၁ရက်မှစ၍ တရားရုံးကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အမှုများကို လက်ခံစီရင်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ပြည်သူ့တရားရုံး မဖွင့်လှစ်မီ တော်လှန်ရေး ကာလအတွင်း CDF(ဟားခါး)အနေဖြင့် ဆောင်ရွက်ခဲ့သော အမှုများကိုလည်း ဆက်ခံကာ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

ချင်းပြည်နယ် မင်းတပ်တွင်လည်း တရားစီရင်ရေးဌာနက တစ်နှစ်အတွင်း အမှုပေါင်း ၁၂၀ကို အပြီးအပြတ် စစ်ဆေးခဲ့ကြောင်း အသိပေးထားပြီး ထိုသို့ ဆောင်ရွက်ရာတွင် ချင်းဓလေ့ထုံးစံနှင့် ဖြေရှင်းခြင်း၊ မြို့နယ်တရားစီရင်ရေး အရ ရာဇသတ်ကြီးဥပဒေများအရ ပြစ်ဒဏ်များချမှတ်အရေးယူခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ စိုးမိုးရာဒေသများ၌ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကို ဖော်ဆောင်နေပြီး တရားစီရင်ရေးကဏ္ဍကိုလည်း အကောင် အထည်ဖော်လျက်ရှိသည်။ လက်ရှိ အခြေအနေအရ အချို့ဖြစ်စဉ်များကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက ဖြေရှင်းပြီး ထိုသို့မဖြေရှင်းနိုင်သည့်အမှုများကို မြို့နယ်တရားရုံးက ကိုင်တွယ်ဆောင်ရွက်သည်ဟု စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်တို့သာ ညီညွတ်ခဲ့ရင် ချင်းပြည်မှာ စစ်ကောင်စီကင်းစင်နေလောက်ပြီလို့ယူဆကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး အတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်က ပြောပါတယ်။