Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးမြို့နယ် ပြည်သူ့တရားရုံး ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း CDF(ဟားခါး) ကောင်စီ အသိပေး

ချင်းပြည်နယ် မင်းတပ်တွင်လည်း တရားစီရင်ရေးဌာနက တစ်နှစ်အတွင်း အမှုပေါင်း ၁၂၀ကို အပြီးအပြတ် စစ်ဆေးခဲ့ကြောင်း အသိပေးထားပြီး ထိုသို့ ဆောင်ရွက်ရာတွင် ချင်းဓလေ့ထုံးစံနှင့် ဖြေရှင်းခြင်း၊ မြို့နယ်တရားစီရင်ရေး အရ ရာဇသတ်ကြီးဥပဒေများအရ ပြစ်ဒဏ်များချမှတ်အရေးယူခဲ့သည်ဟု ဆိုသည်။

ဟားခါးမြို့နယ် ပြည်သူ့တရားရုံး ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း CDF(ဟားခါး) ကောင်စီ အသိပေး
ဟားခါးမြို့နယ် ပြည်သူ့တရားရုံး ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း CDF(ဟားခါး) ကောင်စီ အသိပေး

ချင်းပြည်နယ် ဟားခါးမြို့နယ် ပြည်သူ့တရားရုံး ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ချင်းဒေသကာကွယ် ရေးတပ်(CDF)-ဟာခါး ကောင်စီက ယနေ့ ထုတ်ပြန်သည်။

တော်လှန်ရေးကာလအတွင်း ဟားခါးမြို့နယ် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သောဒေသတွင်း ဥပဒေစိုးမိုးရေးကို စောင့်ထိန်းနိုင်ရန် နှင့် တရားမျှတမှုအတွက် အောက်တိုဘာ ၁၁ရက်မှစ၍ တရားရုံးကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အမှုများကို လက်ခံစီရင်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ပြည်သူ့တရားရုံး မဖွင့်လှစ်မီ တော်လှန်ရေး ကာလအတွင်း CDF(ဟားခါး)အနေဖြင့် ဆောင်ရွက်ခဲ့သော အမှုများကိုလည်း ဆက်ခံကာ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

ချင်းပြည်နယ် မင်းတပ်တွင်လည်း တရားစီရင်ရေးဌာနက တစ်နှစ်အတွင်း အမှုပေါင်း ၁၂၀ကို အပြီးအပြတ် စစ်ဆေးခဲ့ကြောင်း အသိပေးထားပြီး ထိုသို့ ဆောင်ရွက်ရာတွင် ချင်းဓလေ့ထုံးစံနှင့် ဖြေရှင်းခြင်း၊ မြို့နယ်တရားစီရင်ရေး အရ ရာဇသတ်ကြီးဥပဒေများအရ ပြစ်ဒဏ်များချမှတ်အရေးယူခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ စိုးမိုးရာဒေသများ၌ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကို ဖော်ဆောင်နေပြီး တရားစီရင်ရေးကဏ္ဍကိုလည်း အကောင် အထည်ဖော်လျက်ရှိသည်။ လက်ရှိ အခြေအနေအရ အချို့ဖြစ်စဉ်များကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက ဖြေရှင်းပြီး ထိုသို့မဖြေရှင်းနိုင်သည့်အမှုများကို မြို့နယ်တရားရုံးက ကိုင်တွယ်ဆောင်ရွက်သည်ဟု စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီက ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ၌ ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။