Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့တွင် မြို့နယ်တရားသူကြီး ပစ်သတ်ခံရဟုဆို

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားမောင်းနှင်လာသည့် တရားသူကြီးတစ်ဦးကို အမျိုးသားအချို့က သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့တွင် မြို့နယ်တရားသူကြီး ပစ်သတ်ခံရဟုဆို
မူဆယ်မြို့တွင် မြို့နယ်တရားသူကြီး ပစ်သတ်ခံရဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်တွင် မြို့နယ်တရားသူကြီးတစ်ဦး ပစ်သတ်ခံရမှု ယနေ့(အောက်တိုဘာ၆ရက်) ညနေက ဖြစ်ပွားခဲ့သည်။

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားမောင်းနှင်လာသည့် တရားသူကြီးတစ်ဦးကို အမျိုးသားအချို့က သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

“ ပစ္စတိုနဲ့ပစ်သွားတာ ပွဲချင်းပြီးပဲတဲ့။ ညနေ ၅နာရီခွဲလောက်က ပစ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူသည် မူဆယ်မြို့နယ်တရားသူကြီးဟု ဒေသခံအချို့က ပြောသော်လည်း အမည်နှင့်ရာထူးအသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။ တရားသူကြီးအချို့ကမူ ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်မိတ်ဆွေ တရားသူကြီး အသတ်ခံရသည်ဟုဆိုကာ ဝမ်းနည်းကြောင်း လူမှုကွန်ရက်၌ ရေးတင်ထားသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တရားသူကြီးတွေ လာဘ်စားမှုပိုဆိုးလာမယ်လို့ တရားရေးလောက သုံးသပ်

ဆောင်းပါး

တရားစီရင်ရေးမှာနှစ်ပေါင်း ၁၀၀ ကျော်ကျင့်သုံးခဲ့တဲ့ ဥပဒေပုဒ်မတစ်ခုကို အာဏာသိမ်းစစ်တပ်အတွက် တာဝန်ထမ်းနေတဲ့တရားသူကြီးတွေက ဇန်နဝါရီလဆန်းမှာပယ်ဖျက်လိုက်ကြပါတယ် ။စစ်အာဏာရှင်အလိုကျ ပြည်သူထောင်ပေါင်းများစွာကို မတရားအမိန့်တွေချနေတဲ့ တရားသူကြီးတွေဟာ တရားခွင်ထဲက ကျမ်းပြန်စူးမှာကို ထိတ်လန့်တုန်လှုပ်နေကြပါတယ်။ ဒါကြောင့် တရားခွင်မှာ ကျမ်းသစ္စာကျိန်ဆိုတာကိုပယ်ဖျက်လိုက်ကြပါတယ် အခုတပါတ်မှာ စစ်ကောင်စီရဲ့ တရားသူကြီးတွေ ကျမ်းသစ္စာကျိန်ဆိုတာကိုဘယ်လိုပယ်ဖျက်ခဲ့ကြတယ်ဆိုတဲ့အကြောင်း ပြောပြပါမယ် ။

ဆောင်းပါး

စစ်အာဏာရှင်အလိုကျ လူထောင်ပေါင်းများစွာကို မတရားအမိန့်တွေချနေတဲ့ တရားသူကြီးတွေဟာ တရားခွင်ထဲက ကျမ်းပြန်စူးမှာကို ထိတ်လန့်တုန်လှုပ်နေကြပါပြီ။သူတို့ကိုယ်သူတို့ တစ္ဆေတကောင်လို ပြန်ပြီးခြောက်လှန့်နေကြတဲ့အဖြစ်ကို နေပြည်တော်မှာ ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၅ရက်နေ့က ပြုလုပ်ခဲ့တဲ့အစည်းအဝေး‌က ထင်ထင်ရှားရှားသက်သေခံလိုက်တာပါ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊တရားရေးဌာန၏ကနီမြို့နယ်မှတရားသူကြီးလေးဦးအား တာဝန်မှရပ်စဲပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။