Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့တွင် မြို့နယ်တရားသူကြီး ပစ်သတ်ခံရဟုဆို

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားမောင်းနှင်လာသည့် တရားသူကြီးတစ်ဦးကို အမျိုးသားအချို့က သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့တွင် မြို့နယ်တရားသူကြီး ပစ်သတ်ခံရဟုဆို
မူဆယ်မြို့တွင် မြို့နယ်တရားသူကြီး ပစ်သတ်ခံရဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်တွင် မြို့နယ်တရားသူကြီးတစ်ဦး ပစ်သတ်ခံရမှု ယနေ့(အောက်တိုဘာ၆ရက်) ညနေက ဖြစ်ပွားခဲ့သည်။

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားမောင်းနှင်လာသည့် တရားသူကြီးတစ်ဦးကို အမျိုးသားအချို့က သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

“ပစ္စတိုနဲ့ပစ်သွားတာ ပွဲချင်းပြီးပဲတဲ့။ ညနေ ၅နာရီခွဲလောက်က ပစ်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူသည် မူဆယ်မြို့နယ်တရားသူကြီးဟု ဒေသခံအချို့က ပြောသော်လည်း အမည်နှင့်ရာထူးအသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။ တရားသူကြီးအချို့ကမူ ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်မိတ်ဆွေ တရားသူကြီး အသတ်ခံရသည်ဟုဆိုကာ ဝမ်းနည်းကြောင်း လူမှုကွန်ရက်၌ ရေးတင်ထားသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် တရားရုံးချုပ် အဆောက်အအုံထဲမှာ နိုင်ငံရဲ့ ဝါရင့် ထိပ်တန်း တရားသူကြီး နှစ်ဦး ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

သတင်း

တရုတ်၏ ဖိအားအပေါ် မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ပထဝီဝင် နိုင်ငံရေး စစ်ရေးအရသည်းခံ စိတ်ရှည်နေရသည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

အတွေးအမြင်

စစ်ကောင်စီက ဩဂုတ်လ ၁၀ရက်တွင် ခန့်အပ်လိုက်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်အကြောင်း ဖြစ်သည်။ များမကြာမီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးချုပ်ဖြစ်လာမည်ဟုလည်း ထင်ကြေးပေးခံနေရသည့် စစ်သားမှ အရပ်ဘက်​ပြောင်း​သော မိုးကျရွှေကိုယ်ဖြစ်ပါသည်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် တအာင်းပြည်ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်ခွဲဝေပြီး တာဝန်နှင့် ရာထူးများအပ်နှင်းသည့်အခမ်းအနားကို ထိန်းချုပ်နယ်မြေ တစ်နေရာ၌ ဩဂုတ် ၁၁ရက်က ကျင်းပခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။