Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့နယ်က ကြောင်လည်ရွာကို စစ်ကောင်စီတပ် ယနေ့ လေကြောင်းမှ ထပ်မံတိုက်ခိုက်

လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှုရှိသည်ဟု ကြားသိရသော်လည်း လူသေဆုံးဒဏ်ရာရမှု အခြေအနေကို မသိရသေးဟု ဆိုသည်။

(စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက် ခဲ့၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - IR)
(စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက် ခဲ့၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - IR)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ရှိ ကြောင်လည် ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမောက်မြို့နယ်မံယူးကြီးကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (အောက်တိုဘာ ၂၀ရက်)က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ၅ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

“အခု ဗန်းမောက် ကြောင်လည်မှာတော့လေကြောင်းနဲ့ထပ်တိုက်ခိုက်တယ်ပြောတယ်။ အဲဒီ ကြောင်လည်က မံယူးကြီးနဲ့ဆို ၁၅မိုင်လောက်ဝေးတယ်။ ဒီနေ့ ၁နာရီ ၁၅ လောက်မှာ ဖြစ်တာ”ဟု ဒေသခံက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှုရှိသည်ဟု ကြားသိရသော်လည်း လူသေဆုံးဒဏ်ရာရမှု အခြေအနေကို မသိရသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၊ ခုခံတော် လှန်မှု အားကောင်းသည့် စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ စီးနင်းတိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook