Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့တွင် KIA/PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

မိုးမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်းသေဆုံးကြောင်း ကြားသိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

KIA တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - getty images
KIA တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - getty images

ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ မိုးမောက်မြို့၌ ယမန်နေ့ ညအထိ တိုက် ပွဲဖြစ်နေပြီး မံစီမြို့တွင်လည်း လက်နက်ကြီး ပစ်ခတ်သံများကြားနေရကြောင်းဒေသခံများက ပြောသည်။

“မိုးမောက်တိုက်ပွဲက ဒီညမှာ ကျောက်စခန်းနားအထိ ရောက်လာတယ်။ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်နေတယ်”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

KIA၊ PDF ပူးပေါင်းတပ်သည် မိုးမောက်မြို့နှင့် (၂) မိုင်ခန့်ဝေးသော လုံဂျာတောင်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂၂ရက် နံနက်မှစ၍ တိုက်ခိုက်ခဲ့သည်။မြေပြင်တိုက်ပွဲတွင် အထိနာသွားသည့် စစ်ကောင်စီတပ်က ညနေပိုင်းတွင် တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲသည် ညအထိ ဆက်ဖြစ်နေပြီး မိုးမောက်မြို့အထွက်ရှိ ကျောက် စခန်းအနီးတွင် ယမန်နေ့ည ၁၀နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်းသေဆုံးကြောင်း ကြားသိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် တရုတ်နယ်စပ်အနီးရှိ မံစီမြို့ပေါ်တွင် လည်း တိုက်ပွဲဖြစ်လာနိုင်‌ခြေရှိပြီး ယနေ့ည ၉နာရီခန့်တွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။