Connect with us

Hi, what are you looking for?

သတင်း

CDM ဗိုလ်ကြီး သင်တန်းပို့ချသည့် ဆော PDF တပ်ရင်း(၂) စစ်နည်းဗျူဟာသင်တန်းဆင်းပွဲပြုလုပ်

“ကျန်နေတာက ဆော တပ်ရင်း ၂ နဲ့ ဂန့်ဂေါ YPDFတပ်ရင်း၂ရင်းပဲ ကုဒ်နံပါတ်ကျန်နေတာ” ဟု ဆော PDF တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။

CDM ဗိုလ်ကြီး သင်တန်းပို့ချသည့် ဆော PDF တပ်ရင်း(၂) စစ်နည်းဗျူဟာသင်တန်းဆင်းပွဲပြုလုပ်
CDM ဗိုလ်ကြီး သင်တန်းပို့ချသည့် ဆော PDF တပ်ရင်း(၂) စစ်နည်းဗျူဟာသင်တန်းဆင်းပွဲပြုလုပ်

▪️တော်လှန်ရေးခရီးကြမ်းသော်လည်း အာဏာရှင် စနစ်ကို တိုက်ခိုက်ပြီး လိုချင်သည့်အနာဂတ်ကို ရောက်အောင်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး သဝဏ်လွှာပို့

ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း(၂) တစ်နှစ်ပြည့်အခမ်းအနားနှင့် စစ်နည်းဗျူဟာ သင်တန်းဆင်းပွဲကို ယနေ့ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့သည်။

အဆိုပါ ဆော PDF တပ်ရင်း(၂) တစ်နှစ်ပြည့် အခမ်းအနားနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ (အောက်တိုဘာ ၂၃ရက်)တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

CDM ဗိုလ်ကြီး သင်တန်းပို့ချသည့် ဆော PDF တပ်ရင်း(၂) စစ်နည်းဗျူဟာသင်တန်းဆင်းပွဲပြုလုပ်
CDM ဗိုလ်ကြီး သင်တန်းပို့ချသည့် ဆော PDF တပ်ရင်း(၂) စစ်နည်းဗျူဟာသင်တန်းဆင်းပွဲပြုလုပ်

ကာကွယ်ရေးဝန်ကြီး၏ သဝဏ်လွှာတွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA) ခေါင်းဆောင်တစ်ဦး မျှဝေသည့် တပ်ဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ပေးအပ်သည့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန်၊ ရုပ်ပိုင်း စိတ်ပိုင်း ကျန်းမာကြံ့ခိုင်အောင် နေ့စဉ်လေ့ကျင်ရန်၊ မည်သည့်အခြေအနေ ကြုံရသည်ဖြစ်စေ တည်ငြိမ်စွာဖြင့် ကောင်းမွန်သည့် ရလဒ် အဖြစ်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရန် စသည့် တို့ကို ဝန်ကြီးက ပြန်လည်ပြောကြားခဲ့သည်။

“တော်လှန်ရေး ခရီးလမ်းဟာ ခက်ခဲမယ် ပင်ပမ်းကြမ်းတမ်းမယ်ဆိုတာ သိရှိပြီးသားဖြစ်ကြမယ်လို့ ယုံကြည်ပါတယ်။ ရဲဘောတို့နဲ့အတူတူ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်အောင်မြင်ပြီး ငါတို့ လိုချင်တဲ့ အနာဂတ်ကို ရောက်အောင်သွားမယ်လို့ ကတိပြုရင်း သင်တန်းဆင်း သဝဏ်လွှာကို ပေးပို့အပ်တယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

CDM ဗိုလ်ကြီး သင်တန်းပို့ချသည့် ဆော PDF တပ်ရင်း(၂) စစ်နည်းဗျူဟာသင်တန်းဆင်းပွဲပြုလုပ်
CDM ဗိုလ်ကြီး သင်တန်းပို့ချသည့် ဆော PDF တပ်ရင်း(၂) စစ်နည်းဗျူဟာသင်တန်းဆင်းပွဲပြုလုပ်

သင်တန်းတွင် ချင်းပြည်နယ် မင်းတပ် ခလရ (၂၇၄) တပ်မှ CDM ဗိုလ်ကြီးတစ်ဦးဖြစ်သည့် Hunter Hero က စစ်နည်းဗျူဟာ မြေပုံ ပညာနှင့် ရန်သူ့အင်အား တွက်ချက်ပုံ၊ လက်နက်ကြီး၊လက်နက်ငယ် ပစ်လျင် ရောက်ရှိမည့် အကွာအဝေး၊ လက်နက်ကိုင်တွယ်ပုံများ စသည့် စစ်ပွဲတွင် ကြုံတွေ့ရမည့် အချက်အလက်များ၊ တော်လှန်ရေး ရေချိန် မြှင့်ချိန် အဆင်သင့် ကောင်းမွန်စွာဖြင့် စစ်ကောင်စီကို တိုက်ထုတ်နိုင်ရန် တို့ကို ပို့ချခဲ့သည်ဟု ဆော PDF တပ်ရင်း(၂) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု သင်တန်းကို ၄ပတ်ကြာ ပြုလုပ်ခဲ့ပြီး သင်တန်းသား ၄၂ဦး သင်တန်းဆင်းခဲ့သည်ဟုဆိုသည်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(YRPA) တပ်ရင်း ၉ရင်းရှိသည့်အနက် တပ်ရင်း ၇ခုသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က တရားဝင် အသိအမှတ်ပြုထားသည့် တပ်ရင်းများဖြစ်ပြီး ယခု ဆော PDF တပ်ရင်း(၂)သည် တရားဝင် အသိအမှတ်ပြုကုဒ်နံပါတ်မရသေးပေ။

“ကျန်နေတာက ဆော တပ်ရင်း ၂ နဲ့ ဂန့်ဂေါ YPDFတပ်ရင်း၂ရင်းပဲ ကုဒ်နံပါတ်ကျန်နေတာ” ဟု ဆော PDF တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။

ထိုသို့ အသိအမှတ်ပြုခံရပါက အမျိုးသားညီညွတ်ရေးအစိုးရက ထောက်ပံ့သည့်လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာနှင့် စစ်အသုံးစရိတ်များ ရရှိသည်ဟုဆိုသည်။

“အခုက ကျေးရွာက ရပ်ကျေးတွေက ကူညီထောက်ပံ့ရတာဆိုတော့ ကြာလာတဲ့အခါ ပြည်သူတွေ ပင်ပန်းလာတာပေါ့” ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။