Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ခလရ-၁ မှ တပ်သားတစ်ဦး CDM ပြုလုပ်

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားမှာ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) မိုးဗြဲဆည် ရေထိန်းတံခါးတွင် ကင်းတာဝန်ကျနေစဥ် ထွက်ပြေးလာခဲ့ခြင်းဟု ဆိုသည်။

(CDM ပြုလုပ်လာသည့် တပ်သားတစ်ဦးအား တွေ့ရစဥ်)
(CDM ပြုလုပ်လာသည့် တပ်သားတစ်ဦးအား တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၁ မှ တပ်သားတစ်ဦး CDM ပြုလုပ်လာကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂)က ယနေ့(အောက်တိုဘာ ၂၃ရက်) ထုတ်ပြန်သည်။

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားမှာ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) မိုးဗြဲဆည် ရေထိန်းတံခါးတွင် ကင်းတာဝန်ကျနေစဥ် ထွက်ပြေးလာခဲ့ခြင်းဟု ဆိုသည်။

လက်ရှိတွင် CDM စစ်ကောင်စီတပ်သားကို ဖယ်ခုံမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) က ကူညီစောင့်ရှောက်ထားကြောင်း အသိပေးထားသည်။

“မနေ့က ညပိုင်းထွက်ပြေးလာတာ။လက်နက်တော့ ပါမလာဘူး။အခြေအနေအရကိုယ်လွတ် ရုန်းပြေးလာရတာလို့သိရတယ်။ဒါပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဘက်က စစ်ဆေးမေးမြန်းတာတွေလုပ်စရာရှိတာ လုပ်နေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၇ရက်ကလည်း တပ်မ(၆၆)လက်အောက်ခံ ခလရ(၁၄)မှ စစ်ကောင်စီတပ်သားနှစ်ဦး ဖယ်ခုံမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၂)ထံ CDM ပြုလုပ်ထားသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်၌ တာဝန်မထမ်းဆောင်ဘဲ လက်နက်နှင့်အတူ CDM ပြုလုပ်လာပါက ကျပ်သိန်း ၅၀ပေးအပ်သွားမည်ဖြစ်ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။