Connect with us

Hi, what are you looking for?

သတင်း

လေးကေ့ကော်အနီး စစ်ကောင်စီကအမျိုးအမည်စိစစ်ဆဲဗုံးများသုံး၍ လေကြောင်းတိုက်ခိုက်ဟု ကော်ဘရာစစ်ကြောင်းထုတ်ပြန်

ယမန်နေ့(အောက်တိုဘာ ၂၂ရက်) ည ၁၁နာရီခွဲခန့်တွင် မှော်ဘီလေတပ်စခန်းမှ ပျံတက်လာခဲ့သည့် တိုက်လေယာဉ် နှစ်စီးသည် လေးကေ့ကော်မြို့သစ်အနီးရှိ တောင်ကုန်းများသို့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသည့် လေးကေ့ကော်မြို့သစ်အနီးရှိ တောင်ကုန်းများသို့ စစ်ကောင်စီတပ်က အမျိုးအမည် စိစစ်ဆဲဗုံးများ အသုံးပြုကြဲချတိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့(အောက်တိုဘာ ၂၂ရက်) ည ၁၁နာရီခွဲခန့်တွင် မှော်ဘီလေတပ်စခန်းမှ ပျံတက်လာခဲ့သည့် တိုက်လေယာဉ် နှစ်စီးသည် လေးကေ့ကော်မြို့သစ်အနီးရှိ တောင်ကုန်းများသို့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ – Cobra Column

အဆိုပါတိုက်ခိုက်မှုကြောင့် တောတောင်များ ပျက်စီးမှုဖြစ်ခဲ့သော်လည်း ကော်ဘရာစစ်သည်တော်များ ထိခိုက်ကျဆုံးမရှိကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီမှ ကြဲချတိုက်ခိုက်လာသည့် လေလာဉ်ဗုံး အကြွင်းအကျန်များကိုလည်း အများပြည်သူ သိရှိလေ့လာနိုင်ရန်အတွက် ကော်ဘရာစစ်ကြောင်းက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ကော်ဘရာပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မြ၀တီ – ဝေါ်လေလမ်း အနီးတဝိုက်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ အောက်တိုဘာ ၂၂ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်က လေးဦး သေဆုံးခဲ့သည်။

အောက်တိုဘာ ၁၉ရက် တိုက်ပွဲတွင်လည်း ကော်ဘရာစစ်ကြောင်းမှ စနိုက်ပါစစ်သည်တော်၏ လက်ချက်ကြောင့် တပ်မ(၄၄)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook