Connect with us

Hi, what are you looking for?

News

မိုးမောက်မြို့နယ်တွင် KIA နှင့်အကြမ်းဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေ

“KIAနဲ့ ချနေကြတာ။ တော်တော်လေး ပြင်းထန်တယ်။ ပေါက်ကွဲသံကြီး ထွက်လာပြီး သေနတ်သံတွေ ဆက်တိုက်ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) တို့ ယနေ့(အောက်တိုဘာ ၁၂)ညနေတွင် တိုက်ပွဲအပြင်းအထန် ဖြစ်နေကြောင်း ဒေသခံများကပြောသည်။

မိုးမောက်မြို့အဝင် ကျောက်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး လက်နက်ငယ်သံများ ဆူညံစွာကြားနေရကြောင်းဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“KIAနဲ့ ချနေကြတာ။ တော်တော်လေး ပြင်းထန်တယ်။ ပေါက်ကွဲသံကြီး ထွက်လာပြီး သေနတ်သံတွေ ဆက်တိုက်ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်စခန်းချထားသောမိုးမောက်မြို့နယ်ရှိ အလော့ဘွမ်းစခန်းကို KIA ကမေလဆန်းတွင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီက လေကြောင်းမှပါအကြိမ်ကြိမ်တိုက်ခိုက်သော်လည်း KIA ကအောင်မြင်စွာခုခံကာကွယ်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက နိုင်ငံ့အာဏာလုယူပြီးနောက်ပိုင်း မိုးမောက်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)လည်း ပေါ်ပေါက်လာပြီး စစ်ကောင်စီအား တိုက်ခိုက်မှုအချို့တွင် KIAနှင့် PDF ပူးပေါင်းခဲ့ကြသည်။ Non CDM ဝန်ထမ်းအချို့ကို
PDFက သတိပေးခဲ့သလို မြို့နယ်အုပ်ချုပ်ရေးမှုးကိုလည်း သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့ဖူးသည်။မြို့နယ်အုပ်ချုပ်ရေးမှုးသည် သေနတ်ဒဏ်ရာသာရခဲ့ပြီး သေဆုံးခြင်းမရှိခဲ့ပေ။စစ်တပ်ထောက်ခံသည့် ဌာနဆိုင်ရာအရာရှိတစ်ဦး၏ ဝန်ထမ်းအိမ်ယာလည်း ဖောက်ခွဲခံရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook