Connect with us

Hi, what are you looking for?

သတင်း

အရပ်သားပြည်သူများကို အကာအကွယ်ပေးရန် တာဝန်ရှိမှုကို မြန်မာစစ်တပ်အလေးမထားဟု နိုင်ငံတကာသံတမန်များ ပူးတွဲကြေညာ

မြန်မာနိုင်ငံတွင်းနှင့် ဒေသတွင်းကြုံတွေ့နေရသော အကျပ်အတည်းနှင့် မတည်ငြိမ်မှုများအတွက် စစ်အာဏာရှင်အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း နိုင်ငံပေါင်း ၁၅ နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးတာ၀န်ခံများနှင့် ဥရောပသမဂ္ဂမစ်ရှင်အကြီးအကဲတို့က ကြေညာခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်အား တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်အား တွေ့ရစဉ်)

မြန်မာစစ်တပ်သည် အရပ်သားပြည်သူများကို အကာအကွယ်ပေးရန် တာဝန်ရှိမှုကို အလေးမထားကြောင်း နိုင်ငံတကာသံတမန်များက ယနေ့ ပူးတွဲကြေညာသည်။

မြန်မာနိုင်ငံတွင်းနှင့် ဒေသတွင်းကြုံတွေ့နေရသော အကျပ်အတည်းနှင့် မတည်ငြိမ်မှုများအတွက် စစ်အာဏာရှင်အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း နိုင်ငံပေါင်း ၁၅ နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးတာ၀န်ခံများနှင့် ဥရောပသမဂ္ဂမစ်ရှင်အကြီးအကဲတို့က ကြေညာခြင်းဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်လူထုစုဝေးမှုတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် လူအများအပြား အသက်ဆုံးရှုံးကြရသည့်သတင်းကို မိမိတို့ကြားသိရပြီး အဆင်ခြင်မဲ့တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက်ခြင်း၊ အတိဒုက္ခခံစားရခြင်းများ နိုင်ငံတဝန်းဖြစ်ပေါ်လျက်ရှိကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ကချင်ပြည်နယ် ဖားကန့်၌ စစ်တပ်က လေကြောင်းမှတိုက်ခိုက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများကို အကာအကွယ်ပေးရန်လုပ်ဆောင်ရမည်ဖြစ်ပြီး မြန်မာစစ်တပ်ခေါင်းဆောင်များကို တရားမျှတမှုအတွက် စီရင်ခြင်းပြုရမည်ဟု ကုလသမဂ္ဂကျွမ်းကျင်သူများနှင့်ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က ထုတ်ပြန်တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။