Connect with us

Hi, what are you looking for?

သတင်း

ဘောလုံးတွင် မင်းအောင်လှိုင်ရုပ်ပုံကပ် ကန်ခဲ့သည့် ယင်းမာပင်နယ် ကျောင်းသားအားကစားပွဲ

ယင်းအားကစားပွဲတော်ကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက် အထိ (၅)ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် ပါဝင်ခဲ့သည်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သင်ကြားနေသည့် စာသင်ကျောင်း၌ ကြားကာလပညာသင်နှစ်အတွင်း ကျောင်းသားအားကစားပွဲတော် ပြုလုပ်ခဲ့သည်။

ယင်းအားကစားပွဲတော်ကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက် အထိ (၅)ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် ပါဝင်ခဲ့သည်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ

အဆိုပါ ကျောင်းသား ဘောလုံးအားကစားပွဲတွင် အကြမ်းဖ​က်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုပ်ပုံကို ဘောလုံးတွင် ကပ်၍ ကန်ခဲ့သည့် ဘောလုံးပြိုင်ပွဲ အပါအဝင် အားကစားနည်း(၁၇)မျိုးခန့်ထည့်သွင်း ကျင်းပခဲ့သည်။

” ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့တော့ စစ်အာဏာရှင်ဖီဆန်ရေးကျောင်း ဖြစ်တဲ့အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် ရဲ့ ပုံကို ဘောလုံးမှာ ကပ်ပြီး ဝိုင်းကန်ခဲ့ကြပါတယ် “ဟု ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယင်းအားကစားပွဲ ဖွင့်ပွဲနေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဖွင့်ခဲ့ပြီး ပိတ်ပွဲနေ့တွင်လည်း “ကမ္ဘာမကြေဘူး” သီချင်းသီဆိုကာ ကြွေးကြော်သံများနှင့်အတူ အားကစားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးက ဆိုသည်။

NUG ၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ထားသည့် အဆိုပါ စာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားအရေအတွက် ၁၀၀ခန့်ရှိပြီး ဆရာ၊ဆရာမ ၂၉ဦးဖြင့် ပညာသင်ကြားနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook