Connect with us

Hi, what are you looking for?

သတင်း

ဘူးသီးတောင်ရှိ စစ်ရှောင်များ ယခုလကုန်နေရပ်မပြန်ပါက ကျူးကျော်အဖြစ်သတ်မှတ်အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

စစ်ရှောင်များ ရပ်ရွာသို့ မပြန်ရန်သည့် အချက်များတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပါက ရပ်ရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့်လည်း ပါဝင်သည်ဟု ဆိုသည်။

(ဘူးသီးတောင်မြို့ ရန်အောင်မြေ စစ်ရှောင်စခန်းအား တွေ့ရစဥ်၊ဓာတ်ပုံ-BNA)
(ဘူးသီးတောင်မြို့ ရန်အောင်မြေ စစ်ရှောင်စခန်းအား တွေ့ရစဥ်၊ဓာတ်ပုံ-BNA)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်များ အောက်တိုဘာ ၃၁ရက် နောက်ဆုံးထားနေရပ်ပြန်ရန် စစ်ကောင်စီ၏ မြို့နယ်ကောင်စီ ဥက္ကဋ္ဌက စစ်ရှောင်စခန်း တာဝန်ရှိသူများကို ခေါ်ယူပြောကြားသွား၍ စစ်ရှောင်များအခက်ကြုံနေကြောင်း ရခိုင်ဒေသခံက ပြောသည်။

အောက်တိုဘာ ၁၉ရက်က ပြုလုပ်သည့် စစ်ရှောင် အစည်းအဝေး၌ စစ်ကောင်စီက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ရခိုင်အခြေစိုက်သတင်းဌာန Border News Agency က ဖော်ပြသည်။

ထိုသို့ စစ်ရှောင်များနေရပ်ပြန်ခိုင်းသည်ကို ကြားသိရကြောင်း၊လွန်ခဲ့သည့် နှစ်နှစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများပင် နေရပ်မပြန်နိုင်သေးသည့်အခြေအနေ၊ လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် အခြေအနေများ၌ စစ်ရှောင်များကို ပြန်ခိုင်းခြင်းမှာ မဖြစ်သင့်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

“ဘာလို့လဲဆိုရင် အဲဒီနေရာတွေမှာ တိုက်ပွဲတွေထပ်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုကြောင့်။ နောက်တစ်ခုက သူတို့ နေရာတွေမှာ မိုင်းတွေ ရှိနေတယ်။ အဲဒါကြောင့် တောဘက်တောင်ဘက် မသွားရဲတော့ဘူး။ တနည်းအားဖြင့် သူတို့ရဲ့ ဘ၀ရပ်တည်ရေးအရ မိမိနေရာကို ပြန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေမျိုးကြောင့်ပေါ့။ ဒီဘက်က စစ်ရှောင်စခန်းတွေရဲ့ အကူအညီ အထောက် အပံ့တွေကိုလည်း စစ်ကောင်စီက ဖြတ်တောက်ထားတာရှိတယ်”ဟု ဦးဖေသန်းက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ရှောင်များကို အကူအညီ သေးသည့် အဖွဲ့အစည်းများ အကူအညီမပေးနိုင်စေရန် စစ်ကောင်စီက ပိတ်ပင်ထားသကဲ့သို့ အလှူရှင်များ အလှူငွေကောက်ခံခြင်း၊လှူဒါန်းခြင်းတို့ကိုလည်း တားမြစ်ထားသည်ဟု ဆိုသည်။

“စစ်ရှောင်တွေဆိုတာ သေဘေးကိုကြောက်လို့ လက်နက်ကြီးထိမှန်မှာ ကြောက်လို့ထွက်ပြေးလာတာဖြစ်တယ်။ ဒီလို လူတွေအတွက် အသက်ရှင်ရပ်တည်ရေးက စစ်ရှောင်စခန်းတွေပဲရှိတယ်။ အဲဒီ စစ်ရှောင်စခန်းတွေမှာ စုပေါင်းနေထိုင်ခြင်းအားဖြင့် ပြင်ပ အကူအညီတွေ ရနိုင်တဲ့ မျှော်လင့်ချက်ပေါ့။ ပထမ မျှော်လင့်ချက်က စစ်ဘေးနဲ့ဝေးရာ နေရာမှာ ရပ်တည်ခွင့်ပေါ့။ အဲဒီလိုဟာလေးနဲ့ သူတို့ အသက်ရှင်သန်နိုင်အောင် ကုတ်ကပ်ပြီးနေကြတာဖြစ်တယ်” ဟု ဦးဖေသန်းက ပြောသည်။

စစ်ရှောင်များ ရပ်ရွာသို့ မပြန်ရန်သည့် အချက်များတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပါက ရပ်ရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့်လည်း ပါဝင်သည်ဟု ဆိုသည်။

“မနေရဲဘူးဆိုတာက တခါတခါ စစ်ကောင်စီတပ်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ ရွာတွေကို ပစ်လာတယ်ဆိုတာလည်း အားလုံးသိတဲ့အတိုင်းပဲ။ သတင်းတွေနေ့တိုင်းကြားနေရတယ်။တိုက်ပွဲဖြစ်တာ တစ်နေရာ ပစ်တာတစ်နေရာဆိုတာ။ ရပ်ရွာတွေကို လှမ်းပစ်တာ။ အဲဒီလို အခြေအနေအမှာ အဲဒီရွာတွေကို ပြန်ပါဆိုတာ ကတော့ စစ်ဘေးရှောင်တွေကို သေတွင်းကို ပို့တာပဲ”ဟု ဦးဖေသန်းက ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၄ခုရှိပြီး အိမ်ထောင်စု ၇၅၀ ကျော် လူဦးရေ ၃ထောင်ကျော်ရှိကြောင်း BNAက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။