Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က မံစီမြို့ပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ

“ဗန်းမော်မြို့ အမြှောက်တပ်ထဲကနေ ပစ်နေတာ။ အချက် နှစ်ဆယ်ကျော်ပြီ။ရမ်းပစ်နေတာ။ အလုံးကြီးတွေချည်းပဲ”ဟု မံစီမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မံစီမြို့ပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ
စစ်ကောင်စီတပ်က မံစီမြို့ပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ

စစ်ကောင်စီတပ်က ယနေ့ နေ့လည် ၂နာရီခန့်မှစတင် ၍ ကချင်ပြည်နယ်ရှိ မံစီမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်နေပြီး လူနေရပ်ကွက်များအား ပစ်မှတ် ထားပစ်ခတ်မည်ကို မြို့ခံများက စိုးရိမ်ကြောက်ရွှံ့နေကြသည်။

“ဗန်းမော်မြို့ အမြှောက်တပ်ထဲကနေ ပစ်နေတာ။ အချက် နှစ်ဆယ်ကျော်ပြီ။ရမ်းပစ်နေတာ။ အလုံးကြီးတွေချည်းပဲ”ဟု မံစီမြို့ခံတစ်ဦးက ပြောသည်။

ဗန်းမော်နှင့် (၁၃)မိုင်ခန့်အကွာ မံစီမြို့သို့စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းများ အရေးပေါ် ပိတ်ပစ်လိုက်ရသည်။ ထို့ကြောင့် မြို့သည် တိတ်ဆိတ်ခြောက်ကပ်သွားသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီ၏ သင်္ဘောလေးစင်းသည် ဗန်းမော်ဆိပ်ကမ်းသို့ဆိုက်ကပ်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေရှုပ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“သင်္ဘောပေါ်မှာ အရေးကြီးတာ ပါလာပုံရတယ်။ ဒါကို တိုက်ခိုက်ခံရမှာစိုးလို့ အနီးဝန်းကျင်ကို လက်နက် ကြီး ပစ်ပြနေတာလည်း ဖြစ်နိုင်တယ်”ဟု ဗန်းမော်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဗန်းမော်မြို့နှင့် ၁၀မိုင်ခန့်ဝေးသော မိုးမောက်မြို့ကိုလည်း လက်နက်ကြီးဖြင့်မကြာခဏ ပစ်ခတ်နေသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ကို တိုက်ခိုက်ရန် စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဒေသခံများက သတင်းပေးပို့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

Facebook