Connect with us

Hi, what are you looking for?

သတင်း

မန္တလေး − ပြင်ဦးလွင် လမ်းပိုင်းအချို့မှာစစ်ကောင်စီတပ်လုံခြုံရေးချထား

မနေ့က လည်း ပြင်ဦးလွင် အတက်လမ်းပိုင်း ၂၁ မိုင်မှာ စစ်သားဦးရေ ၁၀၀ နီးပါး Faw ကားတွေနဲ့ရောက်လာပြီး လုံခြုံရေးဖြန့်ချထားတယ်လို့သိရပါတယ်။

ပြင်ဦးလွင်မြို့ (ဓာတ်ပုံ − ဝီကီ)
ပြင်ဦးလွင်မြို့ (ဓာတ်ပုံ − ဝီကီ)

မန္တလေး − ပြင်ဦးလွင် ကားလမ်းပိုင်းနေရာအချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးချထားတာတွေ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တစ်နေရာကို စစ်သား ၂ ဦး နှုန်း လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးချထားတာတွေ့ရတယ်လို့ ဖြတ်သန်းသွားခဲ့သူတစ်ဦးကလည်းပြောပြပါတယ်။

“အကောင်ကြီးကြီးလာဖို့ရှိလို့လားမသိဘူး စစ်တာဆေးတာမှာ ပိုကြပ်ထားတယ်”လို့ အဲဒီခရီးသွားကပြောပါတယ်။

Public Service Announcement
Public Service Announcement

မနေ့က လည်း ပြင်ဦးလွင် အတက်လမ်းပိုင်း ၂၁ မိုင်မှာ စစ်သားဦးရေ ၁၀၀ နီးပါး Faw ကားတွေနဲ့ရောက်လာပြီး လုံခြုံရေးဖြန့်ချထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ဦးလွင်ဟာ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်တွေ ၊ တပ်ရင်း တပ်ဖွဲ့တွေရှိတာကြောင့် ပုံမှန်အားဖြင့်လည်း လုံခြုံရေးတင်းကြပ်ထားတဲ့မြို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ