Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ လက်နက်ငှားရမ်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေရ

ခေတ်မီလက်နက်မရှိ၍ တိုက်ပွဲရှိပါက မဟာမိတ်အဖွဲ့များထံမှ မောင်းပြန်သေနတ်များငှားရမ်းကာ စစ်ကောင်စီအားခုခံတိုက်ခိုက်နေကြောင်း၊ လိုအပ်သည့် AK-47နှစ်လက်စာ ကျပ်သိန်း၂၆၀ အတွက် ကမ်ပိန်းပြုလုပ်ကာ ရှာဖွေနေကြောင်း မုံရွာခရိုင်အခြေစိုက် Monywa Lightning ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့်ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-အမိမြေ
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့်ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-အမိမြေ

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အဖွဲ့အချင်းချင်း လက်နက် ပြန်လည်ငှားရမ်းကာ စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေပြီး လိုအပ်သည့်လက်နက်များဝယ်ယူရန် ကမ်ပိန်းပြုလုပ်နေကြောင်း မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က ပြောသည်။

ခေတ်မီလက်နက်မရှိ၍ တိုက်ပွဲရှိပါက မဟာမိတ်အဖွဲ့များထံမှ မောင်းပြန်သေနတ်များငှားရမ်းကာ စစ်ကောင်စီအားခုခံတိုက်ခိုက်နေကြောင်း၊ လိုအပ်သည့် AK-47နှစ်လက်စာ ကျပ်သိန်း၂၆၀ အတွက် ကမ်ပိန်းပြုလုပ်ကာ ရှာဖွေနေကြောင်း မုံရွာခရိုင်အခြေစိုက် Monywa Lightning ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့မှာ ခေတ်မီလက်နက် တူတူတန်တန်ရယ် ဆိုပြီးမရှိတဲ့အတွက် ကျွန်တော်တို့ ထုတ်လုပ်ရေးကနေထုတ်လုပ်တဲ့ အခွံထိုးသေနတ်ကိုပဲ အားပြုတော်လှန်တိုက်ပွဲဝင်နေကြရတာ ဖြစ်ပါတယ်ခင်ဗျ။ Mission တစ်ခုဖော်ဆောင်မယ်ဆိုရင်လည်း ကျွန်တော်တို့ မဟာမိတ်ညီနောင်တွေ ဆီကနေ လိုအပ်တဲ့မောင်းပြန်တွေ ငှားရမ်းပြီး ပွဲကနေကြရတာဖြစ်ပါတယ်”ဟု Monywa Lightning အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းမာပင်ခရိုင်အခြေစိုက် အမိမြေတော်လှန်ရေးတပ်ဖွဲ့ကလည်း လိုအပ်သည့်လက်နက်များအတွက် မဲလက်မှတ်တစ်စောင်ကို (၅,၀၀၀) ကျပ်ဖြင့် ရောင်းချပေးနေပြီး ကံစမ်းမဲအစီအစဉ်၌ လက်တော့ပ်၊ ဖုန်းနှင့် ပါဝါဘဏ်များ မဲဖောက်ပေးမည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“အမိမြေတပ်ဖွဲ့အနေနဲ့ အာဏာရှင်စနစ် ပိုမိုထိရောက်အောင် တော်လှန်နိုင်ဖို့ ဗြောက်အကြီးတစ်လက် ဝယ်ယူနိုင်မဲ့ ကမ်ပိန်းလေးဖြစ်ပါတယ်။ ဗြောက်အမျိုးအစားကိုတော့ တိုက်ပွဲဝင်ရင်း ချပြပေးသွားပါ့မယ်ဗျ။”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ ကမ်ပိန်းများအတွက် အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့် Monywa Lightning ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ Facebook Pageစာမျက်နှာသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

Facebook