Connect with us

Hi, what are you looking for?

သတင်း

ရှမ်း-ကရင်နီအစပ်တိုက်ပွဲများပြင်းထန်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ​

“ဆောင်ကမ်းလမ်းခွဲမှာ အခုလ ၂၆ ရက် ကတည်းကစဖြစ်တာ။အခု ဒီနေ့ထိလည်း တိုက်ပွဲက တော်တော်ပြင်းထန်နေတာ”ဟု ​ဒေသခံသတင်းရင်းမြစ်တစ်ဦးကရှင်းပြသည်။

(KNDFတပ်ဖွဲ့ဝင်အချို့ တိုက်ပွဲဝင်​နေစဥ်။ဓါတ်ပုံ-KNDF)
(KNDFတပ်ဖွဲ့ဝင်အချို့ တိုက်ပွဲဝင်​နေစဥ်။ဓါတ်ပုံ-KNDF)

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ်တွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုထိခိုက်သူများရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်း မြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲ-လွိုင်ကော်လမ်းမကြီးကိုထိန်းချုပ်နိုင်ရန်​အောက်တိုဘာ ၂၆ မှစ၍ သာလွန်အင်အားအပြင် လက်နက်ကြီးအမြောက်အများအသုံးပြုပြီး စစ်ကြောင်းထိုးလာ၍တိုက်ပွဲ များပြင်းထန်နေခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။

“ဆောင်ကမ်းလမ်းခွဲမှာ အခုလ ၂၆ ရက် ကတည်းကစဖြစ်တာ။အခု ဒီနေ့ထိလည်း တိုက်ပွဲက တော်တော်ပြင်းထန်နေတာ”ဟု ​ဒေသခံသတင်းရင်းမြစ်တစ်ဦးကရှင်းပြသည်။

တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးထက်မနည်းရှိကြောင်း မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့အတည်ပြုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“စခတွေဘက်ကလည်းသေဆုံးထိခိုက်မှုများတယ်။အရေအတွက်ကတော့အတည်မပြုနိုင်သေးဘူး”ဟုအထက်ပါတာဝန်ရှိသူကပြောသည်။

လက်ရှိတိုက်ပွဲ ပြင်းထန်နေသည့် ဆောင်ကမ်းလမ်းခွဲအနီးရှိ ဝါရီကောခူရွာနှင့် ပီကင်းကောခူရွာက ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်းသိရသည်။

စစ်ရေးအရအရေးပါသောနယ်မြေများကိုအကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်မရောက်ရှိသွားရန်လည်း ပြည်သူများအနေဖြင့် ဝိုင်းဝန်း ကူညီပေးရန် ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF တပ်ရင်း ၂ က ယနေ့(အောက်တို ဘာ ၂၈ ရက်)ညနေပိုင်းတွင်ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook