Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်လေလမ်း နေရာနှစ်ခု၌ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိဟု ကော်ဘရာစစ်ကြောင်း အသိပေး

အဆိုပါလမ်းရှိ လူခို့၊ ညောင်ချောင်းနေရာ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကိုလည်း စနိုက်ပါဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်း၌ ယမန်နေ့ (အောက်တိုဘာ ၂၈ရက်)က နေရာနှစ်ခု၌တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အဆိုပါလမ်းရှိ လူခို့၊ ညောင်ချောင်းနေရာ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကိုလည်း စနိုက်ပါဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အောက်တိုဘာ ၂၈ရက် နေ့လည် ၁နာရီခန့်မှ စတင်ကာ လူခို့ညောင်ချောင်း နေရာအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော KNLA တပ်ရင်း (၂၇)ကော်ဘရာ ပူးပေါင်း စစ်ကြောင်းနှင့် အကြမ်းဖက်စစ်တပ်၏တပ်မ (၄၄)လက်အောက်ခံ ခမရ (၂၀၇)တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

ကျော်ဝါးဘိုး ဘုရားကုန်းတွင် အခြေပြုနေသော အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများ၊ ဒုံးပစ်လက်နက်များဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးမှုကို အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မြ၀တီ – ဝေါ်လေလမ်း တောင်နီကျေးရွာအနီးတွင် အခြေပြုနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၄) အားပူးပေါင်းတပ်က လက်ဖြောင့်စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးခဲ့သည်ဟု စစ်မြေပြင်သတင်း အတည်ပြုချက်ကို ထုတ်ပြန်သည်။

ဆုံဆည်းမြိုင်ကျေးရွာတွင် အခြေပြုထားသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘလက်တိုကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ် နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။