Connect with us

Hi, what are you looking for?

သတင်း

မီးပိတ်သပိတ်နဲ့ဆက်စပ်ပြီး မန္တလေးမှာ အမျိုးသမီး ၁ ဦးအပါအဝင် ၆ ဦးဖမ်းဆီးခံရလို့ဆို

အောင်မြေသာစံမြို့နယ်၊ ၈၇ လမ်းနဲ့ လမ်း ၂၀ မှာတော့ မီးသပိတ်လုပ်တယ်ဆိုကာ အသက် ၅၀ အရွယ် အမျိုးသမီးကို သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားခဲ့တယ်လို့ဒေသခံအချို့ကပြောပြပါတယ်။

မနေ့ညပိုင်းက မီးပိတ်သပိတ်လူထုလှုပ်ရှားမှု (ဓာတ်ပုံ − မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ/FB)
မနေ့ညပိုင်းက မီးပိတ်သပိတ်လူထုလှုပ်ရှားမှု (ဓာတ်ပုံ − မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ/FB)

မန္တလေး မှာ မီးပိတ်သပိတ်လုပ်ဖို့ လူမှုကွန်ရက်မှာ လှုံဆော်သူ ၅ ဦးနဲ့ သပိတ်မှာပါဝင်တဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုဘက်က သတင်းထုတ်လာပါတယ်။

စုစုပေါင်း ၆ ဦး ဖမ်းဆီးခဲ့တာလို့ သတင်းဖြန့်ထားပြီး ၁ ဦးဟာ သပိတ်မှာပါဝင်တဲ့ အသက် ၅၀ အရွယ်အမျိုးသမီးဖြစ်တယ်လို့သိရပါတယ်။

မနေ့ညပိုင်းက စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ နေရာအချို့မှာ သေနတ်ပစ်ဖောက်တာ ၊ မီးဖြတ်ပစ်တာ တွေလုပ်ဆောင်ခဲ့ပါတယ်။

အောင်မြေသာစံမြို့နယ်၊ ၈၇ လမ်းနဲ့ လမ်း ၂၀ မှာတော့ မီးသပိတ်လုပ်တယ်ဆိုကာ အသက် ၅၀ အရွယ် အမျိုးသမီးကို သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားခဲ့တယ်လို့ဒေသခံအချို့ကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

သပိတ်မတိုင်ခင်ကလည်း မီးပိတ်သပိတ်မှာပါရင် မီတာပုံးဖြုတ်ပြီး အရေးယူမယ်လို့ စစ်အုပ်စုဘက်က ခြိမ်းခြောက်တာတွေရှိခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။