Connect with us

Hi, what are you looking for?

သတင်း

NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို စစ်ကောင်စီပြန်လွှတ်ပေး

NLD အစိုးရအဖွဲ့ဝင်တွေထဲ အသက်အကြီး ဆုံးဖြစ်တဲ့ ဝန်ကြီး ဦးစိုးဝင်းဟာ အူမကြီးကင်ဆာဝေဒနာ ခံစားနေရသူလည်းဖြစ်ပါတယ်။

NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို စစ်ကောင်စီပြန်လွှတ်ပေး
NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို စစ်ကောင်စီပြန်လွှတ်ပေး

အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထားတဲ့ အသက် ၈၄ နှစ်အရွယ် NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို စစ်ကောင်စီဟာ မနေ့က ရမည်းသင်းထောင်ကနေ ပြန်လွတ်ပေးလိုက်ပါတယ်။

NLD အစိုးရအဖွဲ့ဝင်တွေထဲ အသက်အကြီး ဆုံးဖြစ်တဲ့ ဝန်ကြီး ဦးစိုးဝင်းဟာ အူမကြီးကင်ဆာဝေဒနာ ခံစားနေရသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဝန်ကြီး ဦးစိုးဝင်း ကို အစိုးရ လျှို့ဝှက်အက်ဥပဒေ နဲ့ စစ်ကောင်စီဟာ ထောင် ၃ နှစ်ချထားပါတယ်။

NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို စစ်ကောင်စီပြန်လွှတ်ပေး
NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို စစ်ကောင်စီပြန်လွှတ်ပေး

ဖမ်းခံရချိန် ဝန်ကြီးဦးစိုးဝင်း ဟာ အူမကြီး ကင်ဆာဝေဒနာကို နေပြည်တော်ကုတင် တစ်ထောင်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူခဲ့ရပါသေးတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးပြီး ၁၉ လကျော် ကြာချိန်မှာတော့ ဝန်ကြီး ဦးစိုးဝင်းကိုစစ်ကောင်စီကပြန်လွှတ်ပေးလိုက်တာပါ။

ဝန်ကြီး ဦးစိုးဝင်းပြန်လွတ်လာတာကိုလည်း NLD ပါတီဝင်အချို့က လူမှုကွန်ရက်မှာရေးသားအသိပေးထားကြပါတယ်။

NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်မှာ ဦးစိုးဝင်းဟာ စီမံဘဏ္ဍာဝန်ကြီးအဖြစ် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဦးစိုးဝင်းဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ဘဏ္ဍာရေးဆိုင်ရာအကြံပေးအဖြစ် နှစ်ပေါင်း ၃၀ ကျော်အတွေ့အကြံရှိသူဖြစ်ပြီး ဝန်ကြီးအဖြစ် တာဝန်ယူချိန် တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံစီးပွားရေးကို ပဲ့ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အလှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook