Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင် မှာ ထောင်ဝင်စာ ပါဆယ်ပို့ခွင့် ဒီနေ့ပြန်ဖွင့်ပေး

ရန်ကုန်အင်းစိန်ထောင် ထောင်ဝင်စာပါဆယ်ပို့ဆောင်တဲ့နေရာမှာ အောက်တိုဘာလ၁၉ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မန္တလေး အိုးဘိုထောင်မှာ ထောင်ဝင်စာ ပါဆယ်ပို့ခွင့်ပိတ်ထားခဲ့တာပါ။

အိုးဘိုထောင် မှာ ထောင်ဝင်စာ ပါဆယ်ပို့ခွင့် ဒီနေ့ပြန်ဖွင့်ပေး
အိုးဘိုထောင် မှာ ထောင်ဝင်စာ ပါဆယ်ပို့ခွင့် ဒီနေ့ပြန်ဖွင့်ပေး

မန္တလေးအိုးဘိုထောင် မှာ အကျဉ်းကျနဲ့အချုပ်ကျသူများအတွက် မိသားစုက ပို့ဆောင်တဲ့ ထောင်ဝင်စာ ပါဆယ်ပို့ဆောင်တာကို စစ်ကောင်စီဘက်က ရက်သတ္တပတ်ကျော်ကြာပိတ်ပင်ပြီးနောက် ပြန်ခွင့်ပြုလိုက်ပါပြီ။

ရန်ကုန်အင်းစိန်ထောင် ထောင်ဝင်စာပါဆယ်ပို့ဆောင်တဲ့နေရာမှာ အောက်တိုဘာလ၁၉ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မန္တလေး အိုးဘိုထောင်မှာ ထောင်ဝင်စာ ပါဆယ်ပို့ခွင့်ပိတ်ထားခဲ့တာပါ။

အစားအစာ ၊ အဝတ်အစား ၊တကိုယ်ရေသုံးပစ္စည်းတွေ ပါဆယ်ပို့ခွင့်ပိတ်ထားပေမယ့် အိုးဘိုထောင်မှာ ဆေးဝါးနဲ့ ထောင်တွင်းဈေးတန်းမှာ ဈေးဝယ်ဖို့ ဈေးဘားပိုက်ဆံသွင်းခွင့်ကိုတော့ ခွင့်ပြုထားခဲ့ပါတယ်။

ဒီနေ့ အောက်တိုဘာလ ၃၁ ရက်မှာတော့ ပိတ်ပင်ထားတဲ့ ထောင်ဝင်စာပါဆယ်ပို့ခွင့်ကို စစ်ကောင်စီဘက်က ပြန်ခွင့်ပြုလာတာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။