Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ် − မန္တလေး ကားလမ်းပေါ်က နွယ်ရုံရွာ ရဲစခန်းတိုက်ခံလို့ စစ်ကောင်စီ ရဟတ်ယာဉ်နဲ့ပစ်ခတ်

စစ်အုပ်စုဟာ ရဲစခန်းအတိုက်ခံလို့ ရဟတ်ယာဉ် ၂ စီးနဲ့ နွယ်ရုံရဲစခန်းအရှေ့ဘက် တောင်ကြောနေရာတွေကို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး (ပုံဟောင်း)
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး (ပုံဟောင်း)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရွာ ရဲစခန်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ ဒေသခံ PDF တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံများကပြောပါတယ်။

မိုးကုတ် – မန္တလေးကားလမ်းပေါ်ရှိ နွယ်ရုံရွာ ရဲစခန်းကို ဒီနေ့နေ့လယ်ပိုင်း ၂ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ရဲစခန်းဝင်ရောက် စီးနင်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ဒဏ်ရာရသွားတဲ့ ရဲအချို့ ရှိတယ်လို့ ဒေသခံများကပြောပါတယ်။

” အခုညနေ၄နာရီခွဲထိကို စစ်တပ်က ရဟတ်ယာဉ်၂စီးနဲ့ပစ်နေတာ သုံးကြိမ်ရှိနေပြီ၊ အသံကိုနီးနီးကပ်ကပ်ကြားနေတယ်”လို့ နွယ်ရုံရဲစခန်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဟာ ရဲစခန်းအတိုက်ခံလို့ ရဟတ်ယာဉ် ၂ စီးနဲ့ နွယ်ရုံရဲစခန်းအရှေ့ဘက် တောင်ကြောနေရာတွေကို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။