Connect with us

Hi, what are you looking for?

သတင်း

အင်းတော်(ပလဖ)မှ ရဲဘော်နှစ်ဦး ကသာအဝင်ဂိတ်၌ ဖမ်းဆီးခံရ

“အသက် အန္တရာယ် စိုးရိမ်ရတယ်။ သေပြီလို့ ကြားနေပေမယ့် အခုထက်ထိ အတည်မပြုနိုင်သေးဘူး” အင်းတော် PDF ရဲဘော်က ပြောသည်။

အင်းတော်(ပလဖ)မှ ရဲဘော်နှစ်ဦး ကသာအဝင်ဂိတ်၌ ဖမ်းဆီးခံရ
အင်းတော်(ပလဖ)မှ ရဲဘော်နှစ်ဦး ကသာအဝင်ဂိတ်၌ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)မှ ရဲဘော် နှစ်ဦး ယနေ့ (နိုဝင်ဘာ ၁ရက်) နေ့လယ်ပိုင်းက ဖမ်းဆီးခံရကြောင်း အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ရဲဘော်တစ်ဦးက ပြောသည်။

မြို့နယ်(ပလဖ)အဖွဲ့မှ ရဲဘော် ကျော်လင်းထွန်းနှင့် ရဲဘော် အောင်ကိုမင်းတို့ကို ကသာအဝင်ဂိတ်၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်က စစ်ကြောရေးပြုလုပ်နေသည်ဟုဆိုသည်။

“အခါတိုင်းဆို အဲဒီဂိတ်က မစစ်ပါဘူး” ဟု PDF ရဲဘော်က ပြောသည်။

အဆိုပါ ရဲဘော် နှစ်ဦးသည် ခမရ(၃၀၉) တပ် စစ်ကြောရေး၌ရောက်ရှိနေကြောင်း ကြားသိရသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အသက် အန္တရာယ် စိုးရိမ်ရတယ်။ သေပြီလို့ ကြားနေပေမယ့် အခုထက်ထိ အတည်မပြုနိုင်သေးဘူး” အင်းတော် PDF ရဲဘော်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။