Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရဲစခန်းကနေ အိုးဘိုထောင်ကိုသွားတဲ့ အချုပ်ကား ဗုံးပစ်ခံရ

အဲဒီအချုပ်ကားဟာ ချမ်းမြသာစည်မြို့နယ် ၊အမှတ် ၁၁ ရဲစခန်းကနေ အိုးဘိုထောင်ကိုအသွား ၇၈ လမ်းနဲ့ ၄၁ လမ်းကိုရောက်ချိန်မှာ ဗုံးနဲ့အပစ်ခံလိုက်ရတာပါ။

ဗုံးပစ်သွင်းတိုက်ခိုက်ခံရ​​သောအချုပ်ကား ။ ။ဓါတ်ပုံ-CJ
ဗုံးပစ်သွင်းတိုက်ခိုက်ခံရ​​သောအချုပ်ကား ။ ။ဓါတ်ပုံ-CJ

ဒီနေ့မနက်ပိုင်းက မန္တလေးမှာ ရဲစခန်းကနေ အိုးဘိုထောင်ကို သွားတဲ့ အချုပ်ကားတစ်စီး လမ်းခုလတ်မှာ ဗုံးနဲ့ပစ်ခံရလို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့စစ်အုပ်စုဘက်က သတင်းထုတ်လာပါတယ်။

အဲဒီအချုပ်ကားဟာ ချမ်းမြသာစည်မြို့နယ် ၊အမှတ် ၁၁ ရဲစခန်းကနေ အိုးဘိုထောင်ကိုအသွား ၇၈ လမ်းနဲ့ ၄၁ လမ်းကိုရောက်ချိန်မှာ ဗုံးနဲ့အပစ်ခံလိုက်ရတာပါ။

အမည်မသိသူနှစ်ဦးက ကားခေါင်းခန်းအတွင်းကို ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး​တော့ ပေါက်ကွဲမှုကြောင့် ကားမှန်များကြေမွသွားတဲ့အပြင် ယာဥ်မောင်းနဲ့အတူပါလာတဲ့ရဲမေနှစ်ဦး ဒဏ်ရာရသွားတာဖြစ်တယ် ဒေသခံ​တွေက ပြောပါတယ်။

Public Service Announcement
Public Service Announcement

“အရမ်းပြင်းတဲ့ဗုံးပဲ။ ရဲနှစ်​ယောက်အ​တော်​လေးထိသွားတယ်”လို့ အခင်းဖြစ်တာ​တွေ့လိုက်ရတဲ့ပြည်သူတစ်ဦးက ​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသော ရဲမေ နှစ်ဦးကို လူမှုကူညီရေးအသင်းကားနဲ့ နန်းတွင်း စစ် ဆေးရုံးသို့ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဒဏ်ရာရသွားတဲ့ ရဲ ၂ ဦးဟာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေဖြစ်ကာ တစ်ဦးကတော့ အရာရှိဖြစ်တယ်လို့ဆိုထားပါတယ်။

တိုက်ခိုက်ခံရတဲ့အချိန်ဟာ မနက် ၁၀ နာရီဝန်းကျင်ဖြစ်ကာ ရဲစခန်းကနေ ထွက်ခွာလာချိန်မှာဖြစ်တာကြောင့် အချုပ်ကားပေါ်မှာ အချုပ်သားပါလာတာမရှိဘူးလို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။