Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ ရဲစခန်းကနေ အိုးဘိုထောင်ကိုသွားတဲ့ အချုပ်ကား ဗုံးပစ်ခံရ

အဲဒီအချုပ်ကားဟာ ချမ်းမြသာစည်မြို့နယ် ၊အမှတ် ၁၁ ရဲစခန်းကနေ အိုးဘိုထောင်ကိုအသွား ၇၈ လမ်းနဲ့ ၄၁ လမ်းကိုရောက်ချိန်မှာ ဗုံးနဲ့အပစ်ခံလိုက်ရတာပါ။

ဗုံးပစ်သွင်းတိုက်ခိုက်ခံရ​​သောအချုပ်ကား ။ ။ဓါတ်ပုံ-CJ
ဗုံးပစ်သွင်းတိုက်ခိုက်ခံရ​​သောအချုပ်ကား ။ ။ဓါတ်ပုံ-CJ

ဒီနေ့မနက်ပိုင်းက မန္တလေးမှာ ရဲစခန်းကနေ အိုးဘိုထောင်ကို သွားတဲ့ အချုပ်ကားတစ်စီး လမ်းခုလတ်မှာ ဗုံးနဲ့ပစ်ခံရလို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့စစ်အုပ်စုဘက်က သတင်းထုတ်လာပါတယ်။

အဲဒီအချုပ်ကားဟာ ချမ်းမြသာစည်မြို့နယ် ၊အမှတ် ၁၁ ရဲစခန်းကနေ အိုးဘိုထောင်ကိုအသွား ၇၈ လမ်းနဲ့ ၄၁ လမ်းကိုရောက်ချိန်မှာ ဗုံးနဲ့အပစ်ခံလိုက်ရတာပါ။

Public Service Announcement

Public Service Announcement

အမည်မသိသူနှစ်ဦးက ကားခေါင်းခန်းအတွင်းကို ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး​တော့ ပေါက်ကွဲမှုကြောင့် ကားမှန်များကြေမွသွားတဲ့အပြင် ယာဥ်မောင်းနဲ့အတူပါလာတဲ့ရဲမေနှစ်ဦး ဒဏ်ရာရသွားတာဖြစ်တယ် ဒေသခံ​တွေက ပြောပါတယ်။

Public Service Announcement
Public Service Announcement

“အရမ်းပြင်းတဲ့ဗုံးပဲ။ ရဲနှစ်​ယောက်အ​တော်​လေးထိသွားတယ်”လို့ အခင်းဖြစ်တာ​တွေ့လိုက်ရတဲ့ပြည်သူတစ်ဦးက ​ပြောပါတယ်။

ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသော ရဲမေ နှစ်ဦးကို လူမှုကူညီရေးအသင်းကားနဲ့ နန်းတွင်း စစ် ဆေးရုံးသို့ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဒဏ်ရာရသွားတဲ့ ရဲ ၂ ဦးဟာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေဖြစ်ကာ တစ်ဦးကတော့ အရာရှိဖြစ်တယ်လို့ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရတဲ့အချိန်ဟာ မနက် ၁၀ နာရီဝန်းကျင်ဖြစ်ကာ ရဲစခန်းကနေ ထွက်ခွာလာချိန်မှာဖြစ်တာကြောင့် အချုပ်ကားပေါ်မှာ အချုပ်သားပါလာတာမရှိဘူးလို့ စုံစမ်းသိရပါတယ်။