Connect with us

Hi, what are you looking for?

သတင်း

ဖမ်းခံရတဲ့ မန္တလေးသံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော် စစ်ကြောရေးမှာ နှိပ်စက်ခံနေရ

အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းက မန္တလေး မြေပြင်သပိတ်အဖွဲ့ ဝင် လူငယ် ၄ ဦးနဲ့ ဦးဇင်း ဦးကလျာဏ တို့ဖမ်းခံလိုက်ရတာပါ။

ဖမ်းခံရတဲ့ မန္တလေးသံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော် စစ်ကြောရေးမှာ နှိပ်စက်ခံနေရ
ဖမ်းခံရတဲ့ မန္တလေးသံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော် စစ်ကြောရေးမှာ နှိပ်စက်ခံနေရ

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ သံဃသမဂ္ဂ ( မန္တလေး) ရဲ့ ဦးဆောင် သံဃာ တစ်ပါးဖြစ်တဲ့ ဦးကလျာဏ ဟာ စစ်ရေးကြောမှာအပြင်းအထန် နှိပ်စက်ခံနေရတယ်လို့ သတင်းထွက်လာပါတယ်။

စစ်ကြောရေးမှာ ဦးဇင်း ဦးကလျာဏ ကို ခြေကျင်းခတ်ကာ နှိပ်စက်ထားတယ်လို့ စုံစမ်းသိရပါတယ်။

ဦးဇင်း ဦးကလျာဏဟာ ငယ်ဖြူ စာချဆရာတော်ဖြစ်ကာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်လို့ စစ်အုပ်စု လက်ထဲမှာ တစုံတရာဖြစ်ရင် စစ်အုပ်စုတာဝန်ခံရမယ်လို့သံဃသမဂ္ဂ (မန္တလေး)က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းက မန္တလေး မြေပြင်သပိတ်အဖွဲ့ ဝင် လူငယ် ၄ ဦးနဲ့ ဦးဇင်း ဦးကလျာဏ တို့ဖမ်းခံလိုက်ရတာပါ။

Public Service Announcement

Public Service Announcement

ကျန်တဲ့ လူငယ် ၄ ဦးရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မိန်းကလေးတစ်ဦး TikTok ဆော့ရင်း နှစ်ထပ်တိုက်ပေါ်ကပြုတ်ကျတာကြောင့်ဆေးရုံကိုပို့ဆောင်လိုက်ရတယ်လို့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ထံကသိရပါတယ်။

သတင်း

မန္တလေး‌‌မြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘော​​တွေ ၊တိုက်ခိုက်​ရေး​ ​ရေယာဥ်​တွေပါတဲ့ ​ရေယာဥ် ၂၂ စီးဟာ ဧရာဝတီမြစ်အတိုင်း အ​ပေါ်ဘက်ကို ဒီနေ့ မနက်စတင်ထွက်သွားပြီလို့ မြို့ခံ တွေက​ပြောပါတယ်။

သတင်း

မန္တလေးတဝိုက် ဒီ​နေ့မနက်အ​စောပိုင်းမှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းသူတွေကို စစ်ကောင်စီက ဖမ်းဆီးနေပြီး ငွေမပေးနိုင်ရင် ထောင်ချနေကြောင်း မြို့ခံတွေက ပြောပါတယ်။