Connect with us

Hi, what are you looking for?

သတင်း

ဖမ်းခံရတဲ့ မန္တလေးသံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော် စစ်ကြောရေးမှာ နှိပ်စက်ခံနေရ

အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းက မန္တလေး မြေပြင်သပိတ်အဖွဲ့ ဝင် လူငယ် ၄ ဦးနဲ့ ဦးဇင်း ဦးကလျာဏ တို့ဖမ်းခံလိုက်ရတာပါ။

ဖမ်းခံရတဲ့ မန္တလေးသံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော် စစ်ကြောရေးမှာ နှိပ်စက်ခံနေရ
ဖမ်းခံရတဲ့ မန္တလေးသံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော် စစ်ကြောရေးမှာ နှိပ်စက်ခံနေရ

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ သံဃသမဂ္ဂ ( မန္တလေး) ရဲ့ ဦးဆောင် သံဃာ တစ်ပါးဖြစ်တဲ့ ဦးကလျာဏ ဟာ စစ်ရေးကြောမှာအပြင်းအထန် နှိပ်စက်ခံနေရတယ်လို့ သတင်းထွက်လာပါတယ်။

စစ်ကြောရေးမှာ ဦးဇင်း ဦးကလျာဏ ကို ခြေကျင်းခတ်ကာ နှိပ်စက်ထားတယ်လို့ စုံစမ်းသိရပါတယ်။

ဦးဇင်း ဦးကလျာဏဟာ ငယ်ဖြူ စာချဆရာတော်ဖြစ်ကာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်လို့ စစ်အုပ်စု လက်ထဲမှာ တစုံတရာဖြစ်ရင် စစ်အုပ်စုတာဝန်ခံရမယ်လို့သံဃသမဂ္ဂ (မန္တလေး)က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းက မန္တလေး မြေပြင်သပိတ်အဖွဲ့ ဝင် လူငယ် ၄ ဦးနဲ့ ဦးဇင်း ဦးကလျာဏ တို့ဖမ်းခံလိုက်ရတာပါ။

Public Service Announcement

Public Service Announcement

ကျန်တဲ့ လူငယ် ၄ ဦးရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။