Connect with us

Hi, what are you looking for?

သတင်း

င့ါသရောက် ရဲစခန်း နားက အိမ်အချို့ မီးရှို့ခံရ

စစ်အုပ်စု ဘက်က PDF တွေဟာ နေအိမ်တွေကို မီးပုလင်းပစ်ပြီး မီးရှို့တာလို့ သတင်းဖြန့်နေကြပါတယ်။

င့ါသရောက် ရဲစခန်း နားက အိမ်အချို့ မီးရှို့ခံရ
င့ါသရောက် ရဲစခန်း နားက အိမ်အချို့ မီးရှို့ခံရ

တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ငါ့သရောက် ရဲစခန်း ရဲ့ အနီးက နေအိမ်အချို့ မီးရှို့ ခံလိုက်ရပါတယ်။

င့ါသရောက် ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက်က တော်လှန်ရေးအဖွဲ့တွေ စီးနင်းခဲ့တာဖြစ်ပြီး ၃ ရက်အကြာ နိုဝင်ဘာလ ၁ ရက် ညနေပိုင်းမှာတော့ ရဲစခန်း နားကအိမ်အချို့မီးရှို့ခံခဲ့ရပါတယ်။

စစ်အုပ်စု ဘက်က PDF တွေဟာ နေအိမ်တွေကို မီးပုလင်းပစ်ပြီး မီးရှို့တာလို့ သတင်းဖြန့်နေကြပါတယ်။

Public Service Announcement
Public Service Announcement

ဒါပေမယ့် ရဲစခန်း စီးနင်းခံရတဲ့ အောက်တိုဘာလ ၂၉ ရက်ကတည်းက စစ်ကောင်စီတပ်ဟာ ငါ့သရောက်ဒေသမှာ အင်အားအလုံးအရင်းနဲ့ရောက်နေတာကြောင့် တော်လှန်ရေးအဖွဲ့တွေ လာရောက်ဖို့မဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

“PDFကလာရှို့ဖို့နေနေသာပါဗျာ ၊ကျွန်တော်တို့တောင် ဆွဲခံရမှာကြောက်လို့ရှောင်နေရတာ၊ နေရာတိုင်းဒီကောင်တွေပဲရှိနေတာ “လို့ ငါ့သရောက်ဒေသခံကတစ်ဦးကပြောပါတယ်။

ဒါအပြင် ငါ့သရောက် ဒေသမှာ စစ်ကောင်စီတပ်ဟာ ကင်းပုန်းဝပ်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

င့ါသရောက်ဟာ မန္တလေးတိုင်း ၊ညောင်ဦးမြို့နယ်ထဲက မြို့နယ်ခွဲ တစ်ခုဖြစ်ပြီး ပုဂံမြို့ကနေ ၁၂ မိုင်သာသာ ကွာဝေးတဲ့ဒေသဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။