Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

င့ါသရောက် ရဲစခန်း နားက အိမ်အချို့ မီးရှို့ခံရ

စစ်အုပ်စု ဘက်က PDF တွေဟာ နေအိမ်တွေကို မီးပုလင်းပစ်ပြီး မီးရှို့တာလို့ သတင်းဖြန့်နေကြပါတယ်။

င့ါသရောက် ရဲစခန်း နားက အိမ်အချို့ မီးရှို့ခံရ
င့ါသရောက် ရဲစခန်း နားက အိမ်အချို့ မီးရှို့ခံရ

တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ငါ့သရောက် ရဲစခန်း ရဲ့ အနီးက နေအိမ်အချို့ မီးရှို့ ခံလိုက်ရပါတယ်။

င့ါသရောက် ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက်က တော်လှန်ရေးအဖွဲ့တွေ စီးနင်းခဲ့တာဖြစ်ပြီး ၃ ရက်အကြာ နိုဝင်ဘာလ ၁ ရက် ညနေပိုင်းမှာတော့ ရဲစခန်း နားကအိမ်အချို့မီးရှို့ခံခဲ့ရပါတယ်။

စစ်အုပ်စု ဘက်က PDF တွေဟာ နေအိမ်တွေကို မီးပုလင်းပစ်ပြီး မီးရှို့တာလို့ သတင်းဖြန့်နေကြပါတယ်။

Public Service Announcement
Public Service Announcement

ဒါပေမယ့် ရဲစခန်း စီးနင်းခံရတဲ့ အောက်တိုဘာလ ၂၉ ရက်ကတည်းက စစ်ကောင်စီတပ်ဟာ ငါ့သရောက်ဒေသမှာ အင်အားအလုံးအရင်းနဲ့ရောက်နေတာကြောင့် တော်လှန်ရေးအဖွဲ့တွေ လာရောက်ဖို့မဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

“PDFကလာရှို့ဖို့နေနေသာပါဗျာ ၊ကျွန်တော်တို့တောင် ဆွဲခံရမှာကြောက်လို့ရှောင်နေရတာ၊ နေရာတိုင်းဒီကောင်တွေပဲရှိနေတာ “လို့ ငါ့သရောက်ဒေသခံကတစ်ဦးကပြောပါတယ်။

ဒါအပြင် ငါ့သရောက် ဒေသမှာ စစ်ကောင်စီတပ်ဟာ ကင်းပုန်းဝပ်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

င့ါသရောက်ဟာ မန္တလေးတိုင်း ၊ညောင်ဦးမြို့နယ်ထဲက မြို့နယ်ခွဲ တစ်ခုဖြစ်ပြီး ပုဂံမြို့ကနေ ၁၂ မိုင်သာသာ ကွာဝေးတဲ့ဒေသဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။