Connect with us

Hi, what are you looking for?

သတင်း

ကလေးတောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ကနဦး သိရသည်ဟု ထုတ်ပြန်သည်။

(ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF) မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကလေး PDF)
(ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF) မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကလေး PDF)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးထိခိုက်ရှိခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(နိုဝင်ဘာ ၃ရက်)က ကလေးမြို့မှ ထွက်ခွာလာသည့် အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်ကို မြို့ကြီးကုန်းနှင့် နည်းပညာတက္ကသိုလ် (ကလေး) ကြား၌ ကလေး PDF မိုင်းတပ်ဖွဲ့က အသင့်တပ်ဆင်ထားသည့် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ကနဦး သိရသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က အနီးဝန်းကျင်သို့ မိနစ်အတန်ကြာ ပစ်ခတ်ခဲ့ကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၃၁ရက်က နည်းပညာ တက္ကသိုလ်(ကလေး)အနီးတွင် အပြစ် မဲ့ ပြည်သူ သုံးဦးကို ဖမ်းဆီးသွားကြောင်း၊ ယင်းနေ့၌ပင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ထောက်ကြန့်ကျေးရွာရှိ စပါးကျီနှင့် နွားစာတိုက်ပေါ်သို့ ကျရောက်ခဲ့ပြီး သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook