Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ ပစ်မှတ်ထားခံရခြင်းကြောင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားများ ရန်ကုန်ကို စွန့်ခွာ

ယခုအခါ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားအားလုံးသည် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ပြီး လုံခြုံဘေးကင်းစွာရှိနေပြီဟု အသိပေးသည်။

စစ်အုပ်စု၏ ပစ်မှတ်ထားခံရခြင်းကြောင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားများ ရန်ကုန်ကို စွန့်ခွာ
စစ်အုပ်စု၏ ပစ်မှတ်ထားခံရခြင်းကြောင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားများ ရန်ကုန်ကို စွန့်ခွာ

စစ်အုပ်စု၏ ပစ်မှတ်ထားခံရခြင်းကြောင့်အဖွဲ့သားများအားလုံး ရန်ကုန်ကိုစွန့်ခွာခဲ့ရကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြောသည်။

သပိတ်စစ်ကြောင်းမှ အဖွဲ့သားများကို စစ်အုပ်စုကပစ် မှတ်ထားကာ ဖမ်းစီရန်လုပ်ဆောင်နေ၍ ရန်ကုန်မြို့ပေါ်တွင် မည်သို့မျှနေထိုင်မရတော့ခြင်း၊ လုံခြုံရေးအခြေအနေများအရ အန္တရာယ်အသီးသီးကိုဖြတ်ကာ ရန်ကုန်မြို့ကိုစွန့်ခွာပြီး လွတ်မြောက်နယ်မြေသို့ ထွက်ခွာခဲ့ရသည်ဟု ဆိုသည်။

ယခုအခါ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားအားလုံးသည် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ပြီး လုံခြုံဘေးကင်းစွာရှိနေပြီဟု အသိပေးသည်။

“ရန်ကုန်ရဲဘော်များဟာ မြေပြင်မှာ အသက်ပေးပြီး တော်လှန်ရေးအတွက်အခက်အခဲကြားလုပ်ဆောင်နေပါတယ်။ ရန်ကုန်လူထုအနေနဲ့ စစ်ကောင်စီသဘောကျစေသော လူစုလူဝေးပွဲလမ်းသဘင်များကို မပါဝင်ကြဖို့တောင်းဆိုပါတယ်”ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရန်ကုန်ပြည်သူများအနေဖြင့် အပျော် အပါးထက် တော်လှန်ရေးကိုပိုအာရုံစိုက်ပေးကာ တော်လှန်ရေးရဲဘော်များကို တက်နိုင်သည့်ဘက်က ကူပေးလှူပေးကြရန် ၎င်းရဲဘော်က တိုက်တွန်းသည်။

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်များအနေဖြင့်လည်း လွတ်မြောက်နယ်မြေတွင် စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးလုပ်ငန်းများကိုဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ပြီးများမကြာမှီတစ်ချိန်တွင် ရန်ကုန်မြို့သို့ အောင်ပွဲနှင့်အတူ ပြန်လာမည်ဖြစ်ကာ “ငါမသေ ငါ့အလံမကျစေရ”ဟူသော စိတ်ဓာတ်ကိုင်စွဲပြီးဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သတင်းစကားပါးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်