Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ ပစ်မှတ်ထားခံရခြင်းကြောင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားများ ရန်ကုန်ကို စွန့်ခွာ

ယခုအခါ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားအားလုံးသည် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ပြီး လုံခြုံဘေးကင်းစွာရှိနေပြီဟု အသိပေးသည်။

စစ်အုပ်စု၏ ပစ်မှတ်ထားခံရခြင်းကြောင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားများ ရန်ကုန်ကို စွန့်ခွာ
စစ်အုပ်စု၏ ပစ်မှတ်ထားခံရခြင်းကြောင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားများ ရန်ကုန်ကို စွန့်ခွာ

စစ်အုပ်စု၏ ပစ်မှတ်ထားခံရခြင်းကြောင့်အဖွဲ့သားများအားလုံး ရန်ကုန်ကိုစွန့်ခွာခဲ့ရကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြောသည်။

သပိတ်စစ်ကြောင်းမှ အဖွဲ့သားများကို စစ်အုပ်စုကပစ် မှတ်ထားကာ ဖမ်းစီရန်လုပ်ဆောင်နေ၍ ရန်ကုန်မြို့ပေါ်တွင် မည်သို့မျှနေထိုင်မရတော့ခြင်း၊ လုံခြုံရေးအခြေအနေများအရ အန္တရာယ်အသီးသီးကိုဖြတ်ကာ ရန်ကုန်မြို့ကိုစွန့်ခွာပြီး လွတ်မြောက်နယ်မြေသို့ ထွက်ခွာခဲ့ရသည်ဟု ဆိုသည်။

ယခုအခါ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားအားလုံးသည် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ပြီး လုံခြုံဘေးကင်းစွာရှိနေပြီဟု အသိပေးသည်။

“ရန်ကုန်ရဲဘော်များဟာ မြေပြင်မှာ အသက်ပေးပြီး တော်လှန်ရေးအတွက်အခက်အခဲကြားလုပ်ဆောင်နေပါတယ်။ ရန်ကုန်လူထုအနေနဲ့ စစ်ကောင်စီသဘောကျစေသော လူစုလူဝေးပွဲလမ်းသဘင်များကို မပါဝင်ကြဖို့တောင်းဆိုပါတယ်”ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရန်ကုန်ပြည်သူများအနေဖြင့် အပျော် အပါးထက် တော်လှန်ရေးကိုပိုအာရုံစိုက်ပေးကာ တော်လှန်ရေးရဲဘော်များကို တက်နိုင်သည့်ဘက်က ကူပေးလှူပေးကြရန် ၎င်းရဲဘော်က တိုက်တွန်းသည်။

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်များအနေဖြင့်လည်း လွတ်မြောက်နယ်မြေတွင် စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးလုပ်ငန်းများကိုဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ပြီးများမကြာမှီတစ်ချိန်တွင် ရန်ကုန်မြို့သို့ အောင်ပွဲနှင့်အတူ ပြန်လာမည်ဖြစ်ကာ “ငါမသေ ငါ့အလံမကျစေရ”ဟူသော စိတ်ဓာတ်ကိုင်စွဲပြီးဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သတင်းစကားပါးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ဆောင်းပါး

ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကျည်လည်ခဲ့ဖူးတဲ့ မြို့ရန်ကုန်ဟာ ကျနော့်အဖို့ ဒုတိယအိမ်ဆိုလည်း မမှားပေဘူး။ သို့ပေမဲ့ စစ်အုပ်စု အာ ဏာသိမ်းပြီး လပိုင်းအကြာမှာပဲ မြို့ရန်ကုန်​နဲ့ ခွဲခဲ့ရတယ်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။