Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးမြို့အနီးရှိ ချင်းတပ် CNAတပ်စခန်းအား စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးခြောက်လုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်အနေဖြင့် မြေပြင်မှ စစ်ရေးလှုပ်ရှားရန် အခက်ကြုံ၍ ယခုကဲ့သို့ လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်းများနေရာအနှံ့၌ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှဗုံးကျဲတိုက်ခိုက်ပြီး​နောက် တစ်​နေရာတွင် မီး​လောင်းကျွမ်း​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-The Chin Journal)
(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှဗုံးကျဲတိုက်ခိုက်ပြီး​နောက် တစ်​နေရာတွင် မီး​လောင်းကျွမ်း​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-The Chin Journal)

▪️လက်နက်ကြီးများဖြင့် ၂နာရီကျော် ပစ်ခတ်ခဲ့၊ CNA ရဲဘော်များထိခိုက်မှုမရှိဟု ကနဦးသတင်းရထားကြောင်း အဖွဲ့တာဝန်ရှိသူပြော

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း CNF ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

နိုဝင်ဘာ ၇ရက် မွန်းလွဲ ၁နာရီ ၄၅မိနစ်ခန့်တွင် CNA တပ်မဟာ(၃)၏ ရှေ့တန်းစခန်းတစ်ခုကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်လေယာဉ် တစ်စီးဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“သုံးကြိမ်ဆိုတာ ဗုံးအကြီးတွေ ခြောက်လုံးချတာပေါ့။ ဆက်ဆက်ပြီး ဖြစ်လာဖို့ စောင့်ကြည့်ရတဲ့အနေအထားဖြစ်တာပေါ့။ အဲဒီ မတိုင်ခင် ပြီးခဲ့တဲ့ အပတ် အင်္ဂါနေ့က အဲဒီ ဂွင်ထဲကို တစ်ခါလေယာဉ် လာဝဲတာပေါ့။ ကင်းထောက်လေယာဉ် တစ်ရက်တစ်ခါ နှစ်ကြိမ် လာတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်က ဟားခါးမြို့သို့ ယခုရက်ပိုင်းအတွင်း ရဟတ်ယာဉ်များဖြင့်လာရောက်မှုများ ဆက်တိုက်ရှိနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမရှိဘဲ ကျနော်တို့ တပ်မဟာ(၃)ဂွင်က ကျနော်တို့ရဲ့ ရှေ့တန်းစခန်းတစ်ခုပေါ့ အဲဒီလိုလာတိုက်တာဖြစ်ပါတယ်။ အခုထိတော့ သတင်းအတိအကျ မရပေမယ့် ရသလောက်တော့ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့သိရပါတယ်”ဟု ဆလိုင်းထက်နီက ယနေ့ လေကြောင်းတိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီး ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် မြေပြင်မှ စစ်ရေးလှုပ်ရှားရန် အခက်ကြုံ၍ ယခုကဲ့သို့ လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်းများနေရာအနှံ့၌ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်ကို ငဲ့ကွက်မှုမရှိဘဲလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများလုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများကို မိုက်ကမ်းစွာ ကျူးလွန်နေသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ တွက်တာတော့ အောက်ခြေမြေပြင်မှာ သူတို့ထင်သလောက် နယ်မြေစိုးမိုးမှုဆိုတာ အဲဒါတွေ ထိရောက်မှုမရှိလို့ အပေါ်ကနေ လေယာဉ်နဲ့ သူတို့က အဆုံးစွန်တိုက်ပွဲအနေနဲ့ အဲဒီလို လုပ်တာဖြစ်ပါတယ်။ စစ်ကောင်စီက တိုက်လေယာဉ်တွေ အဆုံးစွန် သုံးတယ်ဆိုမှတော့ သူတို့ရဲ့ စစ်ဆင်ရေးက ထိရောက်မှုမရှိတော့လို့ အဲဒီလို အဆုံးစွန် လုပ်ပြီးမှ ပြည်သူကို ခြိမ်းခြောက် ၊ ပြည်သူ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးအောင် အကြောက်တရားဖြစ်အောင်လုပ် သူတို့ အာဏာပြန်ပြီး တည်ဆောက်ရေးကို တော်တော့ကို မိုက်မိုက် ကမ်းကမ်းနဲ့လုပ်နေတဲ့ပုံစံ”ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်​ကောင်စီတပ်၏ ​​လေ​ကြောင်းထွက်ခွာမှုများကို​ထောက်လှမ်း​ဖော်ပြ​ပေး​နေ​သော EAR (Enemy Air Route Channel)၏ ​ဖော်ပြချက်အရ ချင်းပြည်နယ်တွင်ဗုံးကျဲ​သောစစ်​ကောင်စီ​​တိုက်​လေယာဥ်မှာ တံတားဦး​လေတပ်မှ ​နေ့လယ် ၁ နာရီ ၃၃ မိနစ်တွင် ထွက်ခွာသွားပြီး၂ နာရီ ၂၂ မိနစ်အချိန်တွင် ပြန်လည်ဆင်းသက်ခဲ့​​သောA-5 Bomer ​လေယာဥ်ဖြစ်ဖွယ်ရှိသည်။စစ်​ကောင်စီတပ်က ​​​ဟောင်း​နေ၍ ယခင်မသုံး​တော့​သော A-5 တိုက်​လေယာဥ်များကို မကြာ​သေးခင်က ပြန်လည်ပြင်ဆင်၍ အသုံးပြုရန်စမ်းသပ်ပျံသန်း​နေ​ကြောင်း စစ်​ကောင်စီတပ်နှင့်နီးစပ်​သောသတင်းရင်းမြစ်အချို့က​ပြောသည်။

စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲချနေမှုကို အဝေးမှမြက်တွေ့ရစဉ်၊ ဓာတ်ပုံ – The Chin Journal

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။