Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့အနီးရှိ ချင်းတပ် CNAတပ်စခန်းအား စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးခြောက်လုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်အနေဖြင့် မြေပြင်မှ စစ်ရေးလှုပ်ရှားရန် အခက်ကြုံ၍ ယခုကဲ့သို့ လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်းများနေရာအနှံ့၌ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှဗုံးကျဲတိုက်ခိုက်ပြီး​နောက် တစ်​နေရာတွင် မီး​လောင်းကျွမ်း​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-The Chin Journal)
(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှဗုံးကျဲတိုက်ခိုက်ပြီး​နောက် တစ်​နေရာတွင် မီး​လောင်းကျွမ်း​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-The Chin Journal)

▪️လက်နက်ကြီးများဖြင့် ၂နာရီကျော် ပစ်ခတ်ခဲ့၊ CNA ရဲဘော်များထိခိုက်မှုမရှိဟု ကနဦးသတင်းရထားကြောင်း အဖွဲ့တာဝန်ရှိသူပြော

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း CNF ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

နိုဝင်ဘာ ၇ရက် မွန်းလွဲ ၁နာရီ ၄၅မိနစ်ခန့်တွင် CNA တပ်မဟာ(၃)၏ ရှေ့တန်းစခန်းတစ်ခုကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်လေယာဉ် တစ်စီးဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“သုံးကြိမ်ဆိုတာ ဗုံးအကြီးတွေ ခြောက်လုံးချတာပေါ့။ ဆက်ဆက်ပြီး ဖြစ်လာဖို့ စောင့်ကြည့်ရတဲ့အနေအထားဖြစ်တာပေါ့။ အဲဒီ မတိုင်ခင် ပြီးခဲ့တဲ့ အပတ် အင်္ဂါနေ့က အဲဒီ ဂွင်ထဲကို တစ်ခါလေယာဉ် လာဝဲတာပေါ့။ ကင်းထောက်လေယာဉ် တစ်ရက်တစ်ခါ နှစ်ကြိမ် လာတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်က ဟားခါးမြို့သို့ ယခုရက်ပိုင်းအတွင်း ရဟတ်ယာဉ်များဖြင့်လာရောက်မှုများ ဆက်တိုက်ရှိနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမရှိဘဲ ကျနော်တို့ တပ်မဟာ(၃)ဂွင်က ကျနော်တို့ရဲ့ ရှေ့တန်းစခန်းတစ်ခုပေါ့ အဲဒီလိုလာတိုက်တာဖြစ်ပါတယ်။ အခုထိတော့ သတင်းအတိအကျ မရပေမယ့် ရသလောက်တော့ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့သိရပါတယ်”ဟု ဆလိုင်းထက်နီက ယနေ့ လေကြောင်းတိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီး ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် မြေပြင်မှ စစ်ရေးလှုပ်ရှားရန် အခက်ကြုံ၍ ယခုကဲ့သို့ လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်းများနေရာအနှံ့၌ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်ကို ငဲ့ကွက်မှုမရှိဘဲလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများလုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများကို မိုက်ကမ်းစွာ ကျူးလွန်နေသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ တွက်တာတော့ အောက်ခြေမြေပြင်မှာ သူတို့ထင်သလောက် နယ်မြေစိုးမိုးမှုဆိုတာ အဲဒါတွေ ထိရောက်မှုမရှိလို့ အပေါ်ကနေ လေယာဉ်နဲ့ သူတို့က အဆုံးစွန်တိုက်ပွဲအနေနဲ့ အဲဒီလို လုပ်တာဖြစ်ပါတယ်။ စစ်ကောင်စီက တိုက်လေယာဉ်တွေ အဆုံးစွန် သုံးတယ်ဆိုမှတော့ သူတို့ရဲ့ စစ်ဆင်ရေးက ထိရောက်မှုမရှိတော့လို့ အဲဒီလို အဆုံးစွန် လုပ်ပြီးမှ ပြည်သူကို ခြိမ်းခြောက် ၊ ပြည်သူ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးအောင် အကြောက်တရားဖြစ်အောင်လုပ် သူတို့ အာဏာပြန်ပြီး တည်ဆောက်ရေးကို တော်တော့ကို မိုက်မိုက် ကမ်းကမ်းနဲ့လုပ်နေတဲ့ပုံစံ”ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်​ကောင်စီတပ်၏ ​​လေ​ကြောင်းထွက်ခွာမှုများကို​ထောက်လှမ်း​ဖော်ပြ​ပေး​နေ​သော EAR (Enemy Air Route Channel)၏ ​ဖော်ပြချက်အရ ချင်းပြည်နယ်တွင်ဗုံးကျဲ​သောစစ်​ကောင်စီ​​တိုက်​လေယာဥ်မှာ တံတားဦး​လေတပ်မှ ​နေ့လယ် ၁ နာရီ ၃၃ မိနစ်တွင် ထွက်ခွာသွားပြီး၂ နာရီ ၂၂ မိနစ်အချိန်တွင် ပြန်လည်ဆင်းသက်ခဲ့​​သောA-5 Bomer ​လေယာဥ်ဖြစ်ဖွယ်ရှိသည်။စစ်​ကောင်စီတပ်က ​​​ဟောင်း​နေ၍ ယခင်မသုံး​တော့​သော A-5 တိုက်​လေယာဥ်များကို မကြာ​သေးခင်က ပြန်လည်ပြင်ဆင်၍ အသုံးပြုရန်စမ်းသပ်ပျံသန်း​နေ​ကြောင်း စစ်​ကောင်စီတပ်နှင့်နီးစပ်​သောသတင်းရင်းမြစ်အချို့က​ပြောသည်။

စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲချနေမှုကို အဝေးမှမြက်တွေ့ရစဉ်၊ ဓာတ်ပုံ – The Chin Journal

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။