Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်လမ်းမများပေါ်တွင် ပံ့သကူကောက်သူများဖြင့်ည ၁၀နာရီ​ကျော်အထိစည်ကား​နေ

ရန်ကုန်မြို့ လမ်းမများပေါ်တွင် ပံ့သကူကောက်သူများ အလွန်များပြားသည့်အတွက် အကြမ်းဖက် စစ်ကောင်စီ၏ အန္တရာယ်ပေးနိုင်မှုများကို သတိထားရှောင်ကျဥ်သင့်ကြောင်း တော်လှန်အင်အားစုများကလည်း အသိပေးပြောကြားထားသည်။

(ရန်ကုန်မြို့ ဦးချစ်မောင်လမ်းပေါ်တွင် တန်ဆောင်မုန်း လပြည့်နေ့ ပံ့သကူကောက်နေကြသည့် မြင်ကွင်းများ Photo / AAMIJ)
(ရန်ကုန်မြို့ ဦးချစ်မောင်လမ်းပေါ်တွင် တန်ဆောင်မုန်း လပြည့်နေ့ ပံ့သကူကောက်နေကြသည့် မြင်ကွင်းများ Photo / AAMIJ)

ရန်ကုန်မြို့ မြို့နယ်အချို့ရှိ လမ်းမများပေါ်တွင် ယနေ့ တန်ဆောင်မုန်းလပြည့်နေ့၌ ည ၁၀နာရီကျော်အထိ ပံ့သကူကောက်သူများဖြင့် စည်ကားနေသည်။

“ဒီနေ့ လပြည့်နေ့ဆိုတော့ ည ၇ နာရီလောက်ထဲက လမ်းပေါ်မှာ ပံ့သကူ ကောက်တဲ့သူတွေ အများကြီးပဲ။ အရင်ဆို ရန်ကုန်မှာ ည ၉ နာရီလောက်ဆို လမ်းပေါ်လူသိပ်မရှိတော့ဘူး။ ကျွန်တော် အခု ၁၀နာရီကျော် ကားသိမ်းဖို့ အိမ်ပြန်လာတဲ့အချိန်အထိ လမ်းပေါ်မှာ ပံ့သကူကြဲတာရှိဦးမလားဆိုပြီး လိုက်ရှာနေတဲ့သူတွေ တွေ့ရတုန်းပဲ “ဟု ရန်ကုန်မြို့ရှိ အဌားယာဥ်မောင်းသမားတစ်ဦးက ပြောသည်။

ထို့အပြင် မြို့နယ်အချို့ရှိ လမ်းကြားများတွင်လည်း လူအချို့မှာ အုပ်စုလိုက်၊ ဓာတ်မီးများထိုး၍ ပံ့သကူပစ္စည်းများ လိုက်လံရှာဖွေနေကြသည်ကိုလည်း တွေ့ရကြောင်း ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

“ည ၁၁ နာရီလောက်ကြီးကို အုပ်စုလိုက် ဓာတ်မီးတွေထိုးပြီး ကားကြားတွေ၊ တိုက်ခန်းတွေ အောက်တွေကို လိုက်ရှာနေကြတယ်။ ခေတ်ကာလက မကောင်းတော့ သူခိုးလား၊ ဓားပြလား ဂရုစိုက်ပြီး ကြည့်နေရတယ်။ အခုက အုပ်စုလိုက် ဓားပြတိုက်တာတွေ၊ လုတာ၊ ယှက်တာတွေ ဖြစ်နေတော့ ပိုသတိထားနေရတယ် “ဟု ရန်ကုန်မြို့ခံ တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြို့နယ်အချို့တွင်လည်း ပံ့သကူ ပိုက်ဆံကြဲသွားသည့် ကားများကို တားဆီး၍ အတင်းအကျပ် လမ်းပိတ်ပြီး ပိုက်ဆံတောင်းခြင်းများ ကြုံရကြောင်းကိုလည်း ပြည်သူအချို့က လူမှုကွန်ရက်၌ ရေးသား ဖော်ပြခဲ့သည်။

ရန်ကုန်မြို့ လမ်းမများပေါ်တွင် ပံ့သကူကောက်သူများ အလွန်များပြားသည့်အတွက် အကြမ်းဖက် စစ်ကောင်စီ၏ အန္တရာယ်ပေးနိုင်မှုများကို သတိထားရှောင်ကျဥ်သင့်ကြောင်း တော်လှန်အင်အားစုများကလည်း အသိပေးပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။