တန်ဆောင်တိုင်ကာလရဲ့ ဓလေ့ဖြစ်တဲ့ ပံ့သကူ အလှူက ခေတ်ကာလအခြေအနေအရ ပုံစံပြောင်းလဲသွားပါတယ်။
အရင်ကတော့ ပံ့သကူအလှူဆိုတာ အလှူရှင်က ကိုယ်လှူချင်တဲ့ ပစ္စည်းတွေကို ဘယ်သူမှမသိတဲ့နေရာတွေမှာ စွန့်ပစ်ထားတဲ့ ပုံစံနဲ့အလှူ ပြုလုပ်ကြတာပါ။
ဒီနှစ်မှာတော့ ရန်ကုန်မြို့ရဲ့ လမ်းတွေ ရပ်ကွက်တွေ တော်တော်များများမှာ လူတွေက ထွက်ပြီး ကားပေါ် တိုက်ပေါ်က ပိုက်ဆံ ကြဲတာကို ပျော်ပျော်ပါးပါးကောက်ကြတာဖြစ်ပါတယ်။
အရင်နှစ်ကဆိုရင် ဒီလိုနေ့မျိုးမှာ ပံ့သကူပစ္စည်းတွေကို ရှာဖွေတဲ့သူတွေ ရဲ့ အကြောင်းတွေက လူမှူကွန်ရက်မှာ ပြန့်နှံ့ခဲ့ဖူးပါတယ်။


















































